ဒီနေ့တော့ မာမာနဲ့ မာမာ့ကလေးတွေ အရမ်းကြိုက်တဲ့အတွက် မကြာခန ချက်ဖြစ်တဲ့ ပုဇွန်ကြခြောက် ကြက်ဥနှပ်လေး ချက်ဖြစ်ပါတယ်။
ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မယ် ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကြက်ဥ - ခွန်နှစ်လုံး
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း လေးဇွန်းစာ
- ကြက်သွန်နီ - အလုံးကြီးကြီး နှစ်လုံး
- ချင်း - လက်တစ်ဆစ်သာသာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲသာသာ
- ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
- ဆီ - ထမင်းစားဇွန်း ကိုးဇွန်း
- နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
- ကြက်ဥများကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
- ချင်းကိုအခွံခွာပြီး ရေဆေးကာ ပါးပါးရှည်ရှည်လေးတွေ လှီးထားပါ
- ဟင်းချက်ရာမှာ ပါဝင်မည့် ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ လှီးထားသော ချင်းနှင့် ကြက်သွန်နီကို နွမ်းသွားအောင် ကြော်လိုက်ပါ
- ကြက်သွန်နှင့် ချင်းတို့ နွမ်းတာနဲ့ ကြက်ဥ အချိုမှုန့် ငါးငံပြာရည် နှမ်းဆီနှင့် ပဲငံပြာရည်တို့ကို ထည့်မွှေပေးပါ
- တစ်မိနစ်လောက် မွှေပြီးတာနဲ့ ပုဇွန်ခြောက်မှုန့်ထည့်ပြီး မွှေပေးပါ
- အရသာ သမအောင် မွှေပေးပြီးတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- ပြီးတာနဲ့ ကြက်ဥပုဇွန်ခြောက်နှပ် ချိုချိုမွှေးမွှေးလေးကို စားသုံးရန် ပြင်ဆင်နိူင်ပါပြီ။
No comments:
Post a Comment