ဒီနေ့တော့ ဘဲဥချဉ်ရည်ဟင်း ချက်ပါတယ် ဘဲဥကို အပေါ််ယံ တင်းလာတဲ့အထိ ကြော်ပြီးမှ ဘဲဥချဉ်ရည်ဟင်းကို ချက်ဖြစ်တပါတယ် ချက်နည်းလေးကတော့ အလွယ် ချက်နည်း အတိုင်းဘဲ ချက်ထားတဲ့အတွက် မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ဘဲဥ - ရှစ်လုံး
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ချင်း - လက်တစ်ဆစ်
- မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း
ပြင်ဆင်ပုံ
- ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ဘဲဥများကို တစ်လုံးချင်း ဖောက်ထည့်ပြီး အပေါ်ယံကြော တင်းလာတဲ့အထိ ကြော်ပြီးဆယ်ထားပါ
- ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
- ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
- ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း ငရုတ်သီးမှုန့်ထောင်းတို့ကို ထည့်ပေးကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
- ငရုတ်သီးနံ့ မွှေးလာတာနဲ့ ကြော်ထားသော ဘဲဥနှင့် ငါးငံပြာရည်ကိုပါ တစ်ခါထဲ ထည့်ပေးကာ ဆီသတ်ပေးပါ
- ငံပြာရည်နံ့ သင်းလာတာနဲ့ ရေထည့်ကာ တည်ပေးပါ
- ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ကာ တည်ပေးပါ
- မန်ကျည်းသီးမှည့် အနှစ်ထည့်ပေးကာ ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
- ဟင်းရည်အရသာ အနေတော် ရလာပြီး ဆီကျန်ရေကျန် အနေအထားလေး ရလာတာနဲ့ မဆလာ အုပ်ပေးကာ မီးပိတ်ပေးပါ
- ပြီးတာနဲ့ မဆလာနံ့ သင်းနေတဲ့ ဘဲဥချဉ်ရည်ဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment