အခုလို ပါ၀င်ပစ္စည်းတွေကို အားလုံးတစ်ခါထဲ ရောကျိုလိုက်ရင် အကြာကြီး အထားမခံသလို သာကူတွေ ပွလာတဲ့တွက် စားလို့မကောင်းပါဘူး အခုလို ပြင်ဆင်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားရင် အနည်းဆုံး ၅ရက်လောက် အထားခံပါတယ်။
ပါ၀င်ပစ္စည်းများ
- ပေါင်မုန့် - လိုသလောက် သုံးပါ
- သာကူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
- ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- အုန်းနို့ - 200 ml (ready made အုန်းနို့ဗူးကို သုံးထားပါတယ် )
- ရေ - 600 ml (အုန်းနို့နှင့် ရောကျိုရန်)
- သကြား - ထမင်းစားဇွန်း ၆ဇွန်းခန့် (အချိုကြိုက်လျှင် ပိုထည့်ပါ)
- ဆား - လက်ဖက်ရည်ဇွန်း တ၀က်
- သာကူကျိုရန် ရေနွေးဆူဆူ - ၃လီတာ
- ဆွမ်းမွှေးရွက် - ၅ရွက်
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး (ဆွမ်းမွှေးရွက် ကြိတ်တဲ့အထဲ ထည့်ရန်)
- ကန်စွန်းဥ - ခပ်ကြီးကြီး တစ်ဥ
- ဇကာခပ်စိတ်စိတ် - တစ်ခု
- ဆွမ်းမွှေးရွက်အရည်စစ်ရန် - ပိတ်စပါး တစ်စ
ဆွမ်းမွှေးရည်လုပ်ရန်
- ဆွမ်းမွှေးရွက်ကို ရေစင်အောင်ဆေးပြီး ခပ်သေးသေးလေးတွေ လှီးပေးပါ
- ပြီးတာနဲ့ ရေနှင့် အရွက်များကို ဘလင်ဒါထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
- အရွက်များ ညက်သွားတာနဲ့ ပိတ်စပါးလေးခံကာ အရည်စစ်ပေးပါ
- ဆွမ်းမွှေးရည် ရပါက အရွက်ဖတ်များ သွန်ပလိုက်ပြီး အရည်ကိုဘဲ ယူထားပါ
သာကူစေ့ပြုပ်ရန်
- ဇောက်နက်သော အိုးတလုံးထဲမှာ ရေ ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆေးစဉ် သာကူစေ့များ ထွက်မကျနိူင်လောက်သည့် ဇကာတခု အဆင်သင့် ပြင်ထားပါ
- ရေပွက်ပွက်ဆူလာပါက ရေဆူဆူထဲကို ဆွမ်းမွှေးရည်နှင့် သာကူစေ့များ ထည့်ပြီး မွှေပေးပါ
- သာကူစေ့များ ခဲပြီး ကပ်မသွားစေရန်နှင့် အရောင်ညီစေရန် မကြာမကြာ မွှေပေးပါ
- သုံးသော သာကူများ မတူနိူင်သောကြောင့် သာကူကျိုချိန် တခုနှင့်တခု မတူနိူင်ပါ
- ကျိုနေသော သာကူစေ့များ မျက်စေ့အတော်လေး ပျောက်လာပြီ ဆိုတာနဲ့ အသင့်ပြင်ထားသော ဇကာထဲလောင်းထည့်ကာ ရိုးရိုးရေအေးဖြင့် သာကူစေ့များ အေးလာတဲ့အထိ လောင်းချကာ ဆေးပေးပါ
- သာကူစေ့များ အေးလာပါက ရေစစ်ထားပါ
ကန်စွန်းဥပြုပ်ရန်
- ကန်စွန်းဥကို ရေမြုပ်အောင်ထည့်ပြီး ကန်စွန်းဥ နူးတဲ့အထိ ပြုပ်ပေးပါ
- ကန်စွန်းဥ နူးမနူးသိစေရန် သွားထိုး ဒုတ်တံအချွန်လေးဖြင့် ထိုးကြည့်ပါ
- ကန်စွန်းဥအသား အိနေပြီဆိုရင် မီးပိတ်ပြီး အအေးခံကာ အခွံခွာ၍ ပုံပါအတိုင်း လှီးထားပါ
ကောက်ညှင်းပေါင်းရန်
- ကောက်ညှင်းဆန်ကို ဇလုံတစ်လုံးထဲမှာ ရေမြုပ်အောင်ထည့်ကာ ၆နာရီခန့် ရေစိမ်ထားပေးပါ
- ရေစိမ်ထားချိန် ပြည့်တာနဲ့ ကောက်ညှင်းဆန်ကို ခပ်ဖွဖွလေး ရေဆေးပေးကာ ရေစစ်ပေးပါ
- ရေစစ်သွားတာနဲ့ ပေါင်းခံဇကာထဲ ထည့်ပေးပါ
- မာမာ အသုံးပြုတဲ့ ပေါင်းခံဇကာက အပေါက်ကြီးတဲ့အတွက် ပေါင်းခံဇကာထဲမှာ baking paper ခံပေးထားပါတယ်
- ပေါင်းအိုးအောက်ခံ အိုးထဲမွာ ရေထည့်ပြီး ကောက်ညှင်းဆန် ထည့်ထားသော ပေါင်းခံဇကာကို တင်ပေးပါ
- ပြီးတာနဲ့ ပေါင်းအိုးကို အဖုံးအုပ်ပြီး ပေါင်းမည့် steam ခလုတ်နှိပ်ကာ မိနစ်၂၀ ချိန်ပေးပြီး ပေါင်းပေးပါ
- ကောက်ညှင်ပေါင်းချိန် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကို ကုန်အောင်ထုတ်ပြီးမှ အဖုံးဖွင့်ပေးပါ
- အိုးအဖုံး ဖွင့်ပြီးတာနဲ့ ကောက်ညှင်းပေါင်းကို အထက်အောက် သမသွားအောင် မွှေပေးပြီး အိုးအဖုံး ပြန်ဖုံးပေးကာ ဆယ်မိနစ်လောက် လက်ကျန်အပူရှိန်နဲ့ နှပ်ပေးထားပါ
အုန်းနို့ကျိုရန်
- ဇောက်နက်သော အိုးထဲသို့ အုန်းနို့ဗူးများ ဖောက်ထည့်ပါ
- အုန်းနို့ထဲသို့ သကြား ဆားနှင့် ရေတို့ရောမွှေကာ အပူပေးပါ
- အုန်းနို့များ ပွက်ပွက်ဆူလာပြီဆိုပါက မီးပိတ်ပေးပါ
အုန်းနို့သာကူပွဲပြင်ရန်
- သာကူ ကန်စွန်းဥ ကောက်ညှင်း အုန်းနို့တို့ကို သတ်သတ်စီ ဗူးတခုစီမှာ ထည့်ထားပြီး ရေခဲသေတ္တာထဲမှာ ၅ရက်လောက်အထိ ထားနိူင်ပါတယ်
- ပေါင်မုန့်များကို အနားသားများ လှီးထုတ်ပြီး မိမိနှစ်သက်သလို ပိုင်းဖြတ်ထားပါ
- ပန်းကန်လုံး တစ်ခုထဲမှာ အအအေးခံထားသော သာကူ ကောက်ညှင်းနှင့် ကန်စွန်းဥတို့ကို အုန်းနို့ဆမ်းပြီး လိုသလို သုံးဆောင်နိူင်ရန် ပြင်ပေးပါ
- ပြီးတာနဲ့ ကန်စွန်းဥသာကူ အုန်းနို့ဆမ်း စိမ့်စိမ့်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
- အုန်းနို့ဗူးကို မသုံးချင်ပါက အုန်းသီးတစ်လုံးကို ခြစ်ပြီး အရည်ညှစ်ကာ အုန်းနို့ရည် ယူနိူင်ပါတယ်။
No comments:
Post a Comment