အရမ်းလွယ်လွန်းတဲ့ အသီးအရွက် ကြော်နည်းဖြစ်တဲ့အတွက် သတ်သတ်လွတ် ဟင်းတစ်မယ်အတွက် မှို မုန့်ညှင်းစိမ်း အလွယ်ကြော်နည်းလေးရအောင် မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကန်စွန်းရွက် - လက်တစ်ဆုတ်စာ တစ်စည်း
- ကောက်ရိုးမှို - အနည်းငယ်
- ငရုတ်သီး အစပ်တောင့် - ငါးတောင့်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
- ကန်စွန်းရွက်ကို အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
- မှိုကို ရေဆေးကာ အနေတော် လှီးထားပါ
- ငရုတ်သီးတောင့်ကို အညှာခြွေပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
- ဆီအငွေ့ တက်လာတာနဲ့ ငရုတ်သီးထောင်းနှင့် ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပါ
- ပြီးတာနဲ့ ကန်စွန်းရွက်နှင့် မှိုများထည့်ပြီး ဆားနှင့် အချိုမှုန့်ထည့်မွှေပါ
- နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ဖြူးပြီး ပူနေတုန်း ပန်းကန်ထဲ ပြောင်းထည့်ကာ စားသုံးနိူင်ပါပြီ။
No comments:
Post a Comment