Thursday 20 January 2022

ကြက်ဟင်းခါးသီး ကြက်ဥကြော်




မာမာဒီနေ့တော့ ကျန်ခဲ့တဲ့ လေးရက်လောက်က  ကြက်ဥနဲ့ ကြက်ဟင်းခါးသီးကို ကြော်စားဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ဟင်းခါးသီး - အလုံးကြီးကြီး တစ်လုံး
  2. ကြက်ဥ - လေးလုံး
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း လိုသလောက် သုံးပေးပါ
  7. မကပ်သောဒယ်အိုး - ခပ်သေးသေး တစ်အိုး
ပြင်ဆင်ပုံ
  • ကြက်ဟင်းခါးသီးကို အလုံးလိုက်ရေဆေးပြီး ထက်ဝက်ခြမ်းကာ အထဲမှ မလိုတာတွေ ဖယ်ပေးပါ
  • ပြီးတာနဲ့ မထူမပါး အနေတော်လေးလေးတွေ လှီးပေးပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်ဥများကို ဖောက်ထည့်ပေးပြီး ဆား အရသာမှုန့်နှင့် နနွင်းမှုန့်တို့ကိုထည့်ကာ အရသာ သမအောင် ခလောက်ပေးပါ
  • ပြီးတာနဲ့ လှီးထားသော ကြက်ဟင်းခါးသီးများကို ထည့်မွှေပေးပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲကို ဆီထမင်းစားဇွန်း နှစ်ဇွန်းထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်ဥနှင့် ကြက်ဟင်းခါးသီးကို အထက်အောက် သမအောင် မွှေပြီး ယောက်ချိုဇွန်း တစ်ဇွန်းစာ ခပ်ကာ ဆီအိုးထဲ ထည့်ပေးပါ
  • ပြီးတာတဲ့ မီးကိုအနေတော် လျှော့ပေးပြီး အိုးကို အဖုံးအုပ်ပေးပါ
  • တစ်မိနစ်ခွဲလောက် ရတာနဲ့  ကြက်ဥကြော်ကို အထက်အောက် အချပ်လိုက်လေး ရလာအောင် လှန်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးကို ပြန်ဖုံးပေးပြီး နောက်ထပ် တစ်မိနစ်ခွဲလောက် ထပ်ကြော်ပေးကာ ဆယ်ပေးပါ
  • အထက်ပါ နည်းအတိုင်း ဒယ်အိုးထဲ ဆီထည့်လိုက် ကြက်ဥကို သမအောင် မွှေပေးလိုက်နဲ့ ကုန်တဲ့အထိ ကြော်ပေးပါ
  • အားလုံးကြော်ပြီးတာနဲ့ အရသာရှိသော ကြက်ဟင်းခါးသီး ကြက်ဥကြော်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

1 comment:

  1. How much will this steel work? | Titanium Prices
    This is the most important piece of nano titanium steel samsung watch 3 titanium used in the titanium apple watch band world. All metal parts are designed titanium lug nuts to meet titanium tv the design needs of the steel for a

    ReplyDelete