Tuesday 18 January 2022

PANZANELLA BREAKFAST BOWL WITH EGGS AND FETA

 


မာမာ ဒီနေ့တော့ ဆီးချိုသမားတွေ မနက်စာအတွက် လိုအပ်မဲ့ ကယ်လိုရီကို တွက်ချက်ကာ ပြင်ဆင်ဖြစ်တဲ့အတွက် မနက်စာလေးကို မျှ‌‌‌ဝေပေးသွားပါမယ်ရှင်။

မာမာကိုယ်တိုင်လဲ ဆီးချိုဖြစ်နေတာ ဆယ်နှစ်ကျော်လာခဲ့ပါပြီ ဆီးချိုဆေးတွေလဲ ပုံမှန်သောက်သလို အစားအသောက်ကိုလဲ အတတ်နိူင်ဆုံး ဆင်ဆင်ချင်ချင် စားပါတယ် ဒါကြောင့်မို့လို့ ဒီနေ့အတွက် မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. 1  wholemeal pita bread 
  2. 250 g cherry tomatoes
  3. 1 small  lebanese cucumber 
  4. 2 free- range eggs
  5. 40 g feta
  6. 1 tbs olive oil
  7. 2 tesp red wine vinegar
  8. 1/2 cup mint leaves 
  9. 1/5 tes black pepper 
ပြင်ဆင်ပုံ
  • ပေါင်မုန့်ကို မီးကင်ပြီး အနေတော် အရွယ်လေးတွေ ဖဲ့ထားပါ
  • ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာကာ ထက်ဝက်ခြမ်းထားပါ
  • သခွားသီးကို ရေဆေးပြီး အတုံးလေးတွေ လှီးထားပါ
  • ချယ်ရီခရမ်းချဥ်သီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ပူစီနံအရွက်များကို ရေဆေးကာ ရေစစ်ထားပါ
  • အားလုံးအဆင်သ့င် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ပါ၀င်ပစ္စည်းများ အားလုံးကို ထည့်ပေးပါ
  • ပြီးတာနဲ့ olive oil, red wine vinegar, feta နှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပေးကာ  ရောမွှေပေးပြီး စားသုံးနိူင်ပါပြီ။

No comments:

Post a Comment