မာမာ ဒီနေ့တော့ ဆီးချိုသမားတွေ မနက်စာအတွက် လိုအပ်မဲ့ ကယ်လိုရီကို တွက်ချက်ကာ ပြင်ဆင်ဖြစ်တဲ့အတွက် မနက်စာလေးကို မျှဝေပေးသွားပါမယ်ရှင်။
မာမာကိုယ်တိုင်လဲ ဆီးချိုဖြစ်နေတာ ဆယ်နှစ်ကျော်လာခဲ့ပါပြီ ဆီးချိုဆေးတွေလဲ ပုံမှန်သောက်သလို အစားအသောက်ကိုလဲ အတတ်နိူင်ဆုံး ဆင်ဆင်ချင်ချင် စားပါတယ် ဒါကြောင့်မို့လို့ ဒီနေ့အတွက် မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- 2 slices multigrain bread
- 1/2 small avocado
- 1 1/2 tablespoons natural Greek - style yoghurt
- 1/2 teaspoon lemon juice
- 1 cup rocket
- 2 free - range eggs
- 1 teaspoon olive oil
- 1/5 black peper
ပြင်ဆင်ပုံ
- ပေါင်မုန့်ကို မီးကင်ကာ ထက်ဝက် ပိုင်းထားပါ
- ထောပါတ်သီးကို ထက်ဝက်ခြမ်းပြီး အသားများကို ခြစ်ထားပါ
- Rocket အရွက်များကို ရေဆေးထားပါ
- ကြက်ဥကိုပြုပ်ပြီး အခွံခွာကာ ရှစ်စိတ်စိတ်ထားပါ
- ပေါင်မုန့်အပေါ်မှာ ဒိန်ချဉ်နှင့် ထောပါတ်သီးတို့ကို သုတ်ပေးပါ
- ပန်းကန်ပြား တစ်ချပ်ထဲမှာ ပေါင်မုန့်မီးကင်ပြီးသားနှင့်အတူ ပါဝင်ပစ္စည်းများ ထည့်ပေးကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment