Thursday 30 August 2012

သမီးလေးလုပ်တဲ့ စပျစ်သီးကိတ်

ကိတ်
မာမာ့သမီးလေးလုပ်တဲ့ကိတ်မုန့်ပါ စပျစ်သီးလေးနဲ့ဖုတ်ထားလို့ စားရတာကောင်းပါတယ် မအားတဲ့ကြားတဲ့ထဲက ရတဲ့အချိန်လေးမှာ လုပ်ပေးတာပေမဲ့ စားလို့အရမ်းကောင်းလို့ သူ့ကိုအရမ်းကောင်းတယ်လို့ ချီးကျူးတိုင်း သူ့ပင်ကိုယ် မျက်နှာပေးပြုံးစိစိလေးနဲ့ဘဲ ကောင်းရင်စားနော်ဆိုပြီးပြောပါတယ် အခုလဲမာမာက မာမာ့blog လာမိတ်ဆွေများကို အလှူ့ရှင်လက်ဖက်နဲ့ မျက်နှာလုပ်လိုက်ပါအုံးမယ် သမီးလေးလုပ်ထားတဲ့ ကိတ်မုန့်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ရမှာလေးတွေက
  • ကြက်ဥ -  တလုံး 
  • ဆီ - အနည်းငယ် (ဗန်းတွင်ဖျန်းရန်)
  • ထောပတ် - 60 g (or) 3 tablespoons
  • နို့ - 3/4 cup
  • 2/3 cup caster sugar
  • 1 cup sultanas
  • 1 1/2 cups  self-raising flour 
ဂျုံကိုပွစေရန်ဇကာနှင့်စစ်ကာသကြားနှင့်စပျစ်သီးခြောက်
ရောပြီးမွှေပေးထားပါ


သကြား

စပျစ်သီးခြောက်

ကြက်ဥ ထောပတ် နို့

ဂျုံနှင့်ရောထားသောအစားများကို မုန့်သားပွပွရအောင်စက်နဲ့မမွှေဘဲ
ဝါးယောင်းမလေးနဲ့ဘဲမွေထားပါ

long pan ကို သံလွင်ဆီဖျန်းပေးထားပါ

မွှေထားသောမုန့်သားကို ထဲ့ပါ

ovev ကိုမုန့်နှစ်မထဲ့ခင် ကြိုပီးနှစ်ရာဒီဂရီနဲ့ဖွင့်ထားကာ
မုန့်ဗန်းထဲ့ပြီးပါက လေးဆယ့်ငါးမိနစ်ကြာအောင်ထဲ့ဖုတ်ပေးပါ
လေးဆယ့်ငါးမိနစ်ပြည့်ပါက ကိတ်မုန့်လေးရပါပြီ

စပျစ်သီးကိတ်လေးပါ

10 comments:

  1. သမီးလေးက တော်လိုက်တာနော်.. အမေတူလေးပေါ့.. ^-^

    ReplyDelete
    Replies
    1. ကျေးဇူးပါညီမလေးရေ :)

      Delete
  2. အမ သမီးကိတ်လေး စားသွားပါတယ်နော်...

    ReplyDelete
    Replies
    1. စားပါနော် ညီမလေးရေ

      Delete
  3. ဝါးစရာတွေ များကြီးပါလား မာမာရေ ရွှေတိဂုံဘုရားပေါ်မှာ ချော်လဲပြီးထဲက စိတ်ကသိတ်မရွှင်တာနဲ့ အွန်လိုင်းမရောက်ဘူး စိတ်ကြည်တဲ့နေ့ကျပြန်တော့ လက်တော့ပ်က ဖျားနေပြန်တယ်။ ဒီကနေ့မှ စုပုံရှင်းသွားပြီနော်း)
    အမေတူသမီးလေးထင်ပါရဲ့ သမီးတောင် ဒီလိုတွေလုပ်တတ်နေရင် အမေဖြစ်သူရဲ့ အရည်အချင်းကို သဘောပေါက်သွားပြီ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. တီတင့်ရေ
      ချော်လဲတာကို ဒီကနေဘဲသတင်းမေးလိုက်ပါတယ်
      အခုရောသက်သာပါရဲ့လား
      မာမာ့ blog လေးကို လာလာအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်

      လေးစားခင်မင်လျှက်
      မာမာ



      Delete
  4. ကိတ်မုန့်ဖုတ်နည်းများသိချင်ပါတယ်ရှင့်

    ReplyDelete
  5. အားတဲ့ရက်တွေမှာ လုပ်ြဖစ်တာလေးတွေတင်ပေးပါမယ်နော်။
    ဘယ်လိုကိတ်မုန့်မျိုး သိချင်တာလဲဆိုတာပြောပြပေးပါလား

    ReplyDelete
  6. Ma Mar yay, I try to bake butter cake but it not good...I think something wrong...;( what kind of butter should I used??? table spoon mean( hta min sar spoon)?? Thanks naw

    Nway Ohnmar

    ReplyDelete
    Replies
    1. ညီမလေး နွေးရေ
ွှTablespoon (ထမင်းစားဇွန်းကိုပြောတာပါ)

      Delete