Thursday 30 August 2012

ပြည်ကြီးငါးကြော်

(ပြည်ကြီးငါး)ကင်းမွန်ကြော်
မာမာ ဒီနေ့တော့ ကင်းမွန်လေးတွေကို ဂျုံမှုန့်လေးနဲ့လူးပြီးကြော်ထားပါတယ် ပင်လယ်စာတို့ရဲ့ထုံးစံ ညှီတတ်တာမို့ မညှီအောင် ငရုတ်ကောင်းမှုန့်လေးနယ်ကာ ကြော်ထားပါတယ် ဒီနေ့တော့ ကြော်ရတာလဲလွယ်ပြီး စားလို့လဲကောင်းအောင် ကင်းမွန်ကို ဂျုံကပ်ကြော်လေးကြော်ထားတာမို့ မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။
လေးယောက်စာ
ကင်းမွန်အရသာနယ်ရန်
  • (ပြည်ကြီးငါး) ကင်းမွန် - 500 g
  • ဂျုံ - ထမင်းစားဇွန်း ငါးဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းခွဲ
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ဆီ - လက်ဖက်ရည်ပန်းကန် တလုံးခွဲ
အချဉ်
  • နှစ်သက်ရာအချဉ်နှင့်စားနိုင်ပါတယ်
 ကင်းမွန်ကြော်ရန်အထုပ်လေးပါ

ဂျုံမှုန့် ဆား ဟင်းချိုမှုန့် ငရုတ်ကောင်းမှုန့်တို့ကို
သစ်သားယောင်းမလေးနဲ့ ဖွဖွလေးရောမွှေပေးပါ
ကင်းမွန်တုံးလေးများကို ထဲ့ပြီးဂျုံများကပ်သွားအောင်လှိမ့်ပေးပါ
အတွင်းဖက်အသားများကို ဖျန့်ပေးပြီးဂျုံမှုန့်နှင့်လူးပေးပါ

ဂျုံအရသာနယ်ပြီးသွားပါပြီ

မီးအနေတော်နှင့်အပူပေးထားသော ဆီပူပူမှာ
ရွှေအိုရောင်သန်းလာတဲ့ထိ ကြော်ပေးပါ

ကျက်သွားလျှင်ဆယ်ယူပြီးဆီစစ်ပေးပါ

နှစ်သက်သောအချဉ်နှင့်စားသုံးနိုင်ပါပြီ

ကင်းမွန်ကြော်မွှေးမွှေးလေးပါ

နှစ်သက်ရာအချဉ်လေးနဲ့စားနိုင်ပါတယ်

2 comments:

  1. ပြည်ကြီးငါးကြွပ်ကြော်လေးလည်း စားသွားပါတယ်...

    ReplyDelete
    Replies
    1. စားပါညီမလေး BabyAngle ရေ

      Delete