ဒီနေ့တော့ မိသားစုတွေ အရမ်းကြိုက်တဲ့ ပရှူးထမင်းကြော် ကြော်ဖြစ်ပါတယ် အရမ်းစားလို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ဖြစ်ခဲ့တဲ့ ပရူးထမင်းကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- Jasmine Rice - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ထမင်းချက်ရန်)
- ပါးပါးလှီးထားသောကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး တစ်မွှာ
- ကြယ်သီးမှို - အနေတော် ငါးပွင့်
- ဘေဘီပြောင်းဖူး - သုံးဗူး
- ဘရော့ကိုလီ - ဆယ်ခက်ခန့်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဗနီကာ - ထမင်းစားဇွန်း တစ်ဝက်သာသာ
- ဆီ - ထမင်းစားဇွန်း လေးဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ပုဇွန်ထုတ် - ခွန်နှစ်ကောင်
- သခွားသီး - ခပ်သေးသေး တစ်လုံး
ပြင်ဆင်ပုံ
- ဆန်ကိုရေဆေးပြီး ရေနှင့်အတူ ထမင်းပေါင်းအိုးထဲထည့်ပြီး ခလုတ်နှိပ်ပြီး ချက်ပေးပါ
- ခလုတ်တက်ပြီး ထမင်းကျက်တာနဲ့ ချက်ထားသော ထမင်းကို အအေးခံပြီး ဖွထားပါ
- ပုဇွန်ကို အမြှီး ခေါင်းနျင့် အခွံများဖယ်ကာ ကြောမှခွဲ၍ အမည်းကြောင်း ထုတ်၍ သန့်စင်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ခပ်နုတ်နုတ် စင်းထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးလှီး ထားပါ
- မှိုကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ဘရော့ကိုလီကို ရေဆေးပြီး အနေတော် လှီးထားပါ
- ဘေဘီပြောင်းဖူးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ဗနီကာကို ပြင်ထားပါ
- သခွားသီးကို ရေဆေးကာ အနေတော် လှီးထားပါ
ကြော်ရန်ပြင်ဆင်ပုံ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာပါ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို နွမ်းသွားတဲ့ထိကြော်ပေးပါ
- မှို ဘရော့ကိုလီနှင့် ပြောင်းဖူးတို့ကို ထည့်ပြီး မိနစ်ဝက်လောက် ကြော်ပါ
- ပြီးတာနဲ့ ပုဇွန်ကိုထည့်ပြီး သုံးမိနစ်လောက် ထည့်ကြော်ပေးပါ
- ပုဇွန်ကျက်သွားပါက ဗနီကာထည့်ပြီး မိနစ်ဝက်လောက် ကြော်ပေးပါ
- ပုဇွန်နှင့် အသီးအရွက် ကြော်များထဲသို့ ထမင်း ဆားနှင့် အရသာမှုန့်နှင့် တို့ကို ထဲ့ပြီး မွှေပေးပါ
- အားလုံး သမသွားပါက ငရုတ်ကောင်းမှုန့်ထဲ့ပြီး မွှေပေးကာ တစ်မိနစ်လောက် ကြော်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
- အရသာ ပြင်ပြီးသွားတာနဲ့ ပရူးထမင်းကြော် စိမ့်စိမ့်လေးကို သခွားသီးနှင့် တွဲဖက်ပြီး စားသုံရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment