Saturday 30 April 2016

ကြက်သွန်ဖြူ မီးဖုတ် ပုဇွန်ခြောက်ထောင်း ငါးပိရည်ဖျော်


ငါးပိရည်ဖျော်နည်းလေးတွေ page မှာ ခနခနတင်ဖြစ်ပေမဲ့ blog မှာ မတင်ဖြစ်သေးတဲ့အတွက် စုစုစည်းစည်းလေးဖြစ်အောင် ငါးပိရည် ဖျော်နည်းလေးတွေ တင်ပေးလိုက်ပါတယ်။

ဒီတခါတော့ ကြက်သွန်ဖြူ မီးဖုတ်ထောင်းနဲ့ ပုဇွန်ခြောက်ထောင်း ငါးပိရည်ဖျော် မွှေးမွှေးလေးဖျော်မိလို့ ဖျော်နည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ

  1. ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အသေး တစ်လုံး
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၇မွှာ
  3. ပုဇွန်ခြောက် - ၁၃ကောင်
  4. ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. ကြက်သွန်ဖြူကို အခွံမခွာဘဲ တမွှာခြင်းဖြစ်အောင် ခွာထားပြီး အိုးတလုံးထဲမှာ အခွံများကြွမ်းတဲ့ထိ ဖုတ်ပေးပါ
  2. အခွံများ မည်းလာပါက အအေးခံပြီး အခွံများ ဖယ်လိုက်ပါ
  3. ငါးပိရည်ကို ကျိုပြီး အရိုးငင်ကာ ပန်းကန်တလုံးထဲ ထည့်ပေးပါ
  4. ပုဇွန်ခြောက်ကို အရင်ဆုံး ညက်နေအောင် ထောင်းထားပါ
  5. ပုဇွန်ခြောက်ထောင်းပြီးပါက ကြက်သွန်ဖြူကို မညက်တညက် အနေအထားရအောင် ထောင်းလိုက်ပါ
  6. ထောင်းပြီးသားများနှင့်အတူ ငရုတ်သီးအလှော်မှုန့် အချိုမှုန့်တို့ရောပြီး ငါးပိရည်ပန်းကန်ထဲထည့်ကာ ဖျော်ပေးပါ
  7. နှစ်သက်ရာတို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ငါးပိရည်ဖျော်လေး ရပါပြီ။

No comments:

Post a Comment