ဒီနေ့တော့ ဂဏန်းသားနဲ့ ထမင်းကြော် ဖြစ်ပါတယ် ဆီပြန်ဟင်းတွေ အသားဟင်းတွေ မစားချင်တဲ့အခါ အခုလို ထမင်းကို အရသာ အစုံလေးတွေနဲ့ ကြော်စားတဲ့ အခါမှာတော့ အပြောင်းအလဲ အနေနှင့် စားချင်စဖွယ် ဖြစ်စေမှာပါ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ ထမင်းကြော်နည်းကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- Jasmine Rice - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး (ထမင်းချက်ရန်)
- ဂဏန်းအသား - ထမင်းစားဇွန်း ငါးဇွန်း ( ready made ဗူးကို သုံးထားပါတယ်)
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- မုံလာဥနီ - အနည်းငယ်
- ပဲစိမ်းသီး အစေ့ - အနည်းငယ်
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး တစ်မွှာ
- ဆီ - ထမင်းစားဇွန်း ငါးဇွန်း
- ငရုတ်ကောင်းမှုန့် - အနည်းငယ်
- သခွားသီး - အနည်းငယ်
ပြင်ဆင်ပုံ
- ဆန်ကိုရေဆေးပြီး ရေနှင့်အတူ ထမင်းပေါင်းအိုးထဲထည့်ပြီး ခလုတ်နှိပ်ကာ ချက်ပေးပါ
- ခလုတ်တက်ပြီူး ထမင်းကျက်ပါက အအေးခံပြီး ဖွထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး လှီးထားပါ
- ပဲစိမ်းသီး အစေ့ကို ပြင်ထားပါ
- ဂဏန်းသားကို ပြင်ထားပါ
- ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ
- ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထည့်ကြော်ပါ
- ကြက်သွန်များ နွမ်းလာတာနဲ့ မုံလာဥနီနှင့် ပဲစိမ်းသီးအစေ့ ဆား အချိုမှုန့်တို့ ထည့်ကြော်ပါ
- နှစ်မိနစ်လောက်ဘဲ ကြော်ပေးပြီး ဂဏန်းသားကို တစ်မိနစ်လောက် ထည့်မွှေပါ
- ပြီးတာနဲ့ အအေးခံထားသော ထမင်းကို တစ်မိနစ်သာသာလောက် ထည့်ကြော်ပြီး ငရုတ်ကောင်းမှုန့်ဖြူး၍ အရသာမြည်းကာ လိုသလို ပြင်ပေးပါ
- ဂဏန်းသား ထမင်းကြော် ပူပူလေးကိုနှစ်သက်ရာ ငရုတ်သီးကြော် ဂေါ်ဖီချဉ် သခွားသီးတို့နှင့် တွဲဖက်ကာ သုံးဆောင်နိုင်ရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment