ဗီယက်နမ်ကော်ပြန့်စိမ်း လိပ်နည်းကို အခြေခံပြီး လိပ်ထားတဲ့ ကော်ပြန့်စိမ်းလိပ်နည်းလေးပါ မုန့်ဟင်းခါးဖတ်ထည့်ပြီး လိပ်ထားတဲ့အတွက် တွဲဖက်ပြီးစားရတဲ့ ငရုတ်သီးကြော်က အဓိက ပိုပြီးကျပါတယ်။
ပြည်ကြီးငါးကြော်နည်းကတော့ တခါတင်ပြီးသားမို့ ထပ်မရေးတော့ဘဲ ငရုတ်သီးကြော်နည်းနဲ့ ကော်ပြန့်လိပ် အစာထည့်နည်းဘဲ မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ပြည်ကြီးငါးကြော်နည်းကတော့ တခါတင်ပြီးသားမို့ ထပ်မရေးတော့ဘဲ ငရုတ်သီးကြော်နည်းနဲ့ ကော်ပြန့်လိပ် အစာထည့်နည်းဘဲ မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြော်ပြီးအဆင်သင့်ပြင်ထားသော - ပြည်ကြီးငါးကြော်
- အခွံခွာပြီး ရေဆေးကာ ပုံပါအတိုင်း ခြစ်ထားသော မုံလာဥနီ - တစ်ဥ
- အခွံခွာပြီး ရေဆေးကာ ပုံပါအတိုင်း ခြစ်ထားသော သခွားသီး - တစ်လုံး
- ရေဆေးထားသော နံနံပင် - အနည်းငယ်
- အသင့်သုံးနိုင်သော မုန့်ဟင်းခါးဖတ် - လိုသလောက် သုံးပေးပါ
- Rice paper - ၁၂ရွက်
ပြင်ဆင်ပုံ
- ကြော်ထားသော ပြည်ကြီးငါးကြော် အေးတာနဲ့ ဆန်ပြားရွက်ကို ရိုးရိုးရေအေးနှင့် ပန်းကန်ပြားတချပ်ထဲ ထဲ့ပြီး စက္ကန့်၂၀လောက်ဘဲ ပျော့လာတဲ့ထိ စိမ်လိုက်ပါ
- စိမ်ပြီးတာနဲ့ ပန်းကန်ပြားအခြောက် တချပ်ပေါ်ဖြန့်တင်ပြီး ခင်းပေးပါ
- ဆန်ပြားရွက်ပေါ်မှာ နံနံပင်အနည်းငယ်ကို ခင်းပြီး အပေါ်မှ မုံလာဥနီတထပ် သခွားသီးတထပ် ပြည်ကြီးငါးကြော်နှင့် မုန့်ဟင်းခါးဖတ်ကို အနေတော် ထည့်ပေးပါ
- ပုံထားသော အစာများဧ။် အောက်ဖက်မှ အစာကိုအုပ်ပြီး စလိပ်ပေးပါ
- ဘေးနှစ်ဖက်ကို အစာအပေါ်ကို တစဆီ ခေါက်ပေးပါ
- နောက်ထပ်အောက်ဖက်မှ အလိပ်ပုံစံရတဲ့အထိ ဆက်တိုက်လိပ်ပေးသွားပြီးရင် ရပါပြီ
- ကော်ပြန့်စိမ်းအပြင်သား ထူထူလေးရအောင် လိပ်ပြီးသား အလိပ်များကို နောက်ထပ်ဆန်ပြားဖတ် တရွက်ဆီကို ရေစိမ်ပြီး ထပ်လိပ်ပေးပါက လှီးတဲ့အခါလှီးလို့ကောင်းသလို စားလို့လဲ ပိုပြီးကောင်းပါတယ်။
ငရုတ်သီးကြော်အတွက်
- ငရုပ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း ၂ဇွန်း
- မကျည်းသီးမှည့်အနှစ် - ထမင်းစားဇွန်း ၁ဇွန်း
- ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
- ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ပြင်ဆင်ပုံ
- ဆီကိုအရင်ဆုံး အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို မွှေးသွားအောင် ကြော်လိုက်ပါ
- ကြက်သွန်ဖြူ မွှေးလာတာနဲ့ ငရုတ်သီးကို ထည့်မွှေပါ
- ငရုတ်သီးနံ့ သင်းလာတာနဲ့ မကျည်းသီးအနှစ်နှင့် ငံပြာရည်ကို ထည့်မွှေကာ ပွက်ပွက်ဆူလာလျှင် မီးပိတ်ပေးပါ
- ငရုတ်သီးကြော် ကျက်တာနဲ့ မုန့်ဟင်းခါးဖတ် ပြည်ကြီးငါးကော်ပြန့်စိမ်း စားပွဲပြင်ကာ တို့ပြီးစားနိုင်ပါပြီ။
No comments:
Post a Comment