ပါဝင်ပစ္စည်းများ
- ဆန်မှုန့် - ပေါင်းအိုးဆန်ချင်ဗူး ၄ဗူး
- ကောက်ညှင်းမှုန့် - ပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
- ရေ - လိုသလောက်
- ထုံး - လက်ဖက်ရည်ဇွန်း တဇွန်း
- ထုံးရေကြည်လုပ်ရန် ရေ - တရုတ်ဟင်းရည်သောက် ပန်းကန်အလတ် ၃လုံး
- နှမ်းထောင်း - တမင်းစားဇွန်း တဇွန်း
- နေကြာဆီ - ထမင်းစားဇွန်း တဇွန်း
- ပဲဆီ - ထမင်းစားဇွန်း ၃ဇွန်း
- စဉ့်နီတုံး - သန့်သန့်တခု
ပြင်ဆင်ပုံ
- ဆန်မှုန့်နှင့် ကောက်ညှင်းမှုန့်ကို ရောနယ်ပြီး ရေကိုနည်းနည်းခြင်းထည့်ကာ နယ်ပေးပါ
- ရေတခါထဲ ထည့်ပါက မုန့်သားပျော့ပျဲကြီး ဖြစ်သွားနိုင်လို့ ရေကို ချင့်ချိန်ပြီး ထည့်ပေးပါ
- မုန့်သား ညက်လာအောင် ၅မိနစ်လောက် အနည်းဆုံး နယ်ပေးပါ
- ထုံးနှင့်ရေကို ဇလုံသန့်သန့်ထဲထည့်ပြီး တညသိပ် အနည်ထိုင်ပေးထားပါ
- စဥ့်နီတုံး (သို့) ခပ်ပြားပြား ပလပ်စတစ် အထူသား သန့်သန့်တခု အဆင်သင့်ပြင်ထားပါ
- မုန့်သားလုံးပြီးပြီဆိုတာနဲ့ ထုံးများမပါအောင် အိုးသန့်သန့်ထဲ အသာလောင်းထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ထုံးရေဆူလာတာနဲ့ မုန့်သားအလုံးကို အလုံးလိုက်ထည့်ပြီး အိုးအဖုံးမဖုံးဘဲ ၇မိနစ်ပြုပ်ပေးပါ
- မုန့်သားအကျက်ညီစေရန် မကြာမကြာ လှည့်ပေးပါ
- ၇မိနစ်ပြည့်တာနဲ့ မုန့်သားကြည်လာပြီး အပေါ်တ၀က်ကျက်သွားသော မုန့်လုံးကို ဇလုံတလုံးထဲ ဆယ်ပြီးထည့်ပေးပါ
- မုန့်သားမအေးခင် မုန့်သားကို မွနေအောင် ထိုးခြေပြီး ဟင်းရွက်ဆီ ထမင်းစားဇွန်း တဇွန်းထည့်ကာ နယ်ပေးပါ
- ရောနယ်ပြီးတာနဲ့ မကျည်းစေ့ တစေ့စာလောက် ယူပြီး စဥ့်နီတုံး သန့်သန့်ပေါ်မှာ မုန့်သားကိုတင်ပြီး လက်ဖနောင့်နှင့် ဖိကာ ရှေ့တိုးနောက်ဆုတ် ၅ချက်လောက် လှိမ့်ပေးပါ
- မုန့်လှိမ့်နေစဉ် လက်ကပ်လာလျှင် လက်ကိုရေစွတ်ပြီး မုန့်သားကုန်တဲ့အထိ လှိမ့်ပေးပါ
- အားလုံးပြီးတာနဲ့ မုန့်ပေါင်းမည့် အောက်ခံအိုးကို ရေတ၀က်သာသာထည့်ပြီး ဆူအောင်တည်ပေးပါ
- လှိမ့်ထားသော မုန့်များကို ပေါင်းအိုးဇကာထဲ ထည့်ပေးပါ
- အောက်ခံအိုး ရေဆူတာနဲ့ မုန့်ပေါင်းဇကာကို အဖုံးအုပ်ကာ အိုးပေါ်တင်ပေးပါ
- မီးအားပြင်းပြင်းနှင့် မိနစ်၂၀ပေါင်းပေးပြီးရင် မုန့်ဗိုင်းတောင့်ရပါပြီ
နှမ်းထောင်းပြုလုပ်ရန်
- နှမ်းဖြူ ထမင်းစားဇွန်း ၃ဇွန်းကို မီးအေးအေးနှင့် ညိုလာတဲ့ထိ လှော်ပေးပါ
- နှမ်းအရောင် ညိုလာတာနဲ့ ဆားနှင့်အတူ ငရုတ်ဆုံထဲထည့်ကာ မညက်တညက်ထောင်းပေးပါက နှမ်းလှော်ရပါပြီ
မုန့်ပွဲပြင်ရန်
- ဇလုံတလုံးထဲမှာ မုန့်ဗိုင်းတောင့်များထည့်ပြီး ပဲဆီနှင့် နှမ်းထောင်းအနေတော်ထည့်ကာ နယ်ပေးပြီး စားပွဲပြင်ပေးပါ
No comments:
Post a Comment