ဒီနေ့တော့ အေးချမ်းနေတဲ့ ရာသီဥတုလေးမှာ လိုက်ဖက်မဲ့ ငရုတ်သီးစိမ်း ရှမ်းနံနံအုပ်ထားတဲ့ ငါးဟင်းချဉ်စပ်လေး ချက်ထားပါတယ် မွှေးပြီးစားကောင်းလွန်းတဲ့အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- Basa ငါး - 500 g
- ရှမ်းနံနံ - နှစ်သက်သလောက်
- ငရုတ်သီးစိမ်း - စားနိုင်သလောက်
- ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်သွန်ဖြူ - အမွှာမွှာကြီးကြီး ၃မွှာ
- ချင်း - လက်တစ်ဆစ်ခန့်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
- ဆီ - ထမင်းစားဇွန်း ၈ဇွန်း
ပြင်ဆင်ပုံ
- ငါးကို ရေဆေးပြီး လက်၃လုံးလောက်လေးတွေ တုံးထားပါ
- တုံးထားသောငါးကို ဆား လက်ဖက်ရည်ဇွန်း တ၀က် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က်တို့နှင့် နယ်ထားပါ
- ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို ပုံမှာပါတဲ့အတိုင်း လှီးထားပါ
- ပန်းကန်တခုထဲမှာ ဆား လက်ဖက်ရည်ဇွန်း တ၀က် ငရုတ်သီးမှုန့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က် နနွင်းမှုန့် တို့ထည့်ပြီး သမအောင် နယ်ပေးပါ
- မကျည်းသီးမှည့်ကို ရေအနည်းငယ်ထည့်ကာ စိမ်ထားပေးပါ
- ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ငရုတ်သီးမှုန့်တို့ကို ထည့်ပြီးဆီသတ်ပေးပါ
- ဆီသတ်နံ့ သက်းလာတာနဲ့ ငါးအသားမာလာတဲ့အထိ ဆီသတ်ပေးပါ
- ငါးအသားများမာလာတာနဲ့ ငါးဟင်းထဲကို မကျည်းသီးအဖတ်များဖယ်ကာ မကျည်းသီးမှည့်ရည် ထည့်မွှေပါ
- ငါးဟင်းအိုးထဲကို ရေကို မြုပ်လောက်ရုံလောက်ထည့်ပြီး ငရုတ်သီးစိမ်းထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေပွက်ပွက်ဆူပြီး ၅မိနစ်လောက်နေရင် အရသာမြည်း၍ လိုသလိုပြင်ကာ ဆီပြန်ကာနီးတာနဲ့ ရှမ်းနံနံရွက်အုပ်ပြီး ချဉ်ငံစပ်ငါးဟင်း မွှေးမွှေးလေး ရပါပြီ
No comments:
Post a Comment