သာကူကျိုချိန် အချိန်မကြာပေမဲ့ အိုးတွေခွက်တွေ ဆေးရတာတော့ အလုပ်ရှုပ်လွန်းတဲ့ မုန့်တမျိုးပါ သာကူကျိုနည်းကတော့ မကြာခန တင်ပြီးသားမို့ ထပ်မရေးတော့ဘဲ ဒီတစ်ခါတော့ အုန်းဆီချက်နည်းလေးဘဲ မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- အသင့်လုပ်ပြီးသား သာကူပြင် - မုန့်ပွဲပြင်ရန် တပွဲစာ
- အုန်းနို့ - 400 ml
- ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
- ဆီ - ထမင်းစားဇွန်း ၄ဇွန်း
အုန်းဆီချက်ရန်
- အုန်းနို့နှင့် ဆီ ဆားတို့ကို အိုးတလုံးထဲမှာ ထည့်ပေးပြီး မီးအနေတော်နှင့် တည်ပေးပါ
- အုန်းဆီချက်နေစဉ် အုန်းဆီများ ဝေကျတတ်သောကြောင့် မကြာမကြာမွှေပေးပြီး မီးမများစေရန် သတိထားပေးပါ
- အုန်းနို့များ တဖြည်းဖြည်း ခမ်းလာပြီး ဆီပြန်ထွက်လာပြီး ဆီထဲတွင် အုန်းနို့များ ဥလာပြီဆိုရင် မီးဖိုပေါ်က ချပေးထားပါ။
ပြင်ဆင်ပုံ
- သာကူပြင်ကို အနေတော် အတုံးလေးတွေ တုံးထားပါ
- လှီးထားသော သာကူပြင်ကို ပန်းကန်ပြားတချပ်မှာ မိမိနှစ်သက်သလို ပြင်ပေးထားပါ
- အဆင်သင့် ပြင်ထားသော သာကူပြင်ပေါ်သို့ ချက်ထားသော အုန်းဆီကို ဆမ်းပေးကာ စားပွဲလေး ပြင်ပေးနိုင်ပါပြီ
- အရသာ စိမ့်စိမ့်လေးနဲ့ အုန်းဆီနံ့လေးမွှေးနေကာ စားလို့အရမ်းကောင်းလွန်းတဲ့ သာကူပြင်အုန်းဆီဆမ်းလေးကို မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ။
No comments:
Post a Comment