တစ်နေ့တစ်နေ့ ဘာချက်ရင် ကောင်းမလဲ စဉ်းစားရခက်နေရင် အလွယ်တကူ ထမင်းစားလို့ မြိန်စေတဲ့ သခွားသီးကိုဘဲ ထောင်းသုပ်လေး သုပ်ဖြစ်တာက များပါတယ်။
ထောင်းသုပ် သုပ်နည်းကတော့ အိမ်မှာ သုပ်စားနေကျ ပုံစံအတိုင်းလေးဘဲ သုပ်ထားမို့ ဒီနည်းလေးကိုဘဲ မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ရေစင်အောင်ဆေးပြီး ခြစ်ထားသော သခွားသီး - တစ်လုံး
- ဆားအနည်းငယ် ရေအနည်းငယ်ထည့်ပြီး ရေခမ်းအောင် လှော်ထားသော ပုဇွန်ထုတ် -၂ကောင်
- ပါးပါးရိပ်ရိပ် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- လှော်ပြီးထောင်းထားသော ငရုတ်သီးစိမ်း - ၇တောင့်
- သံပုရာသီး - တစ်ခြမ်း
- ငါးငပိရည် ကျိုပြီးသား - ထမင်းစားဇွန်း ၂ဇွန်း
- ပင်စိမ်းရွက် - အနည်းငယ်
- ဆား - အနည်းငယ်
- ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း တစ်ဇွန်း (မထည့်လဲရ)
ပြင်ဆင်ပုံ
- သခွားသီးကို အလုံးလိုက် ရေဆေးပြီး ထက်ဝက်ခြမ်းကာ အရင်ဆုံး ခြစ်ပေးပါ
- ပုဇွန်ကို ခေါင်းဖြုတ် အခွံခွာပြီးကြောမှ အမဲကြောင်းကိုဖယ်ကာ ညက်နေအောင် ထောင်းပေးပါ
- ငရုတ်သီးကို ရေစင်အောင်ဆေးပြီး အညှာခြွေကာ မွှေးအောင်လှော်ပြီး ညက်အောင်ထောင်းပေးပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးလှီး ထားပေးပါ
- ငပိရည်ကို ကျိုပြီးသားကို ပြင်ထားပေးပါ
- ကြက်သွန်ဖြူဆီချက် ချက်ထားပေးပါ
- ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ သခွားသီးခြစ်ပြီးသား ငါးပိရည် ဆား ပုဇွန်လှော်ထောင်း ကြက်သွန်နီ ပင်စိမ်းရွက် ငရုတ်သီးစိမ်းထောင်း သံပုရာရည်ညှစ် ဆီချက်တို့ထည့်ပြီး ၅ချက်လောက် သမအောင် ထောင်းပေးပါ
- အစပ်ကြောက်ရင် ငရုတ်သီးလျော့ထည့်ကာ အားလုံးသမအောင် ခပ်ဖွဖွ ထောင်းပြီးပါက အရသာမြည်းကာ လိုသလိုပြင်ပေးပြီး စားသုံးနိုင်ပါပြီ။
No comments:
Post a Comment