Tuesday, 20 October 2015

ကြက်ဟင်းခါသီးကြော်



ကြက်ဟင်းခါးသီးကို အမျိူးမျိုး လုပ်စားကြတဲ့ အထဲက ဒီတစ်ခါတော့ ပုဇွန်အစိုကို ထောင်းပြီး ကြက်ဟင်းခါးသီးနဲ့ ကြော်ထားလို့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဟင်းခါးသီး - ခပ်ကြီးကြီး နှစ်လုံး
  2. ပုဇွန်အစို - ပုဇွန်ထုတ် ခပ်ကြီးကြီး  သုံးကောင်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. ပါးပါးရိတ်ရိတ် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  7. ခပ်နုတ်နုတ် စဉ်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  8. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်ဟင်းခါးသီးကို အလယ်မှ အစေ့များဖယ်ကာ အလုံးလိုက် ခပ်ထူထူလှီးပေးပါ
  • အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီ ရေစစ်ထားပါ
  • ပုဇွန်ထုတ်ကို အခွံခွာပြီး ကြောဘက်မှ အမဲကြောင်းထုတာကာ ငရုတ်ဆုံထဲထည့်ပြီး ညက်အောင်ထောင်းပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ်လှီးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး နုတ်နုတ်စဉ်းထားပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  • ပြီးတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီကို နွမ်းသွားအောင် ကြော်ပေးပါ
  • နွမ်းပြီဆိုတာနဲ့ ပုဇွန်ထောင်းကို ၂မိနစ်လောက်ထည့်ကြော်ပြီ ကြက်ဟင်းခါးသီးထည့်ကြော်ပါ
  • ဆား အရသာမှုန့်တို့ ထည့်မွှေပြီး တမိနစ်လောက်ပြည့်တာနဲ့ ရေ ထမင်းစားဇွန် ၃ ဇွန်းလောက်ထည့်ပြီး အိုးအဖုံးမအုပ်ဘဲ ကြော်ပေးပါ
  • ဟင်းအိုးမကပ်စေရန် ကြက်ဟင်းခါးသီးများကို မမွှေဘဲ လှုပ်လှုပ်ပေးပါ
  • ဆီသံကြားပြီး ရေခမ်းလာတာနဲ့ အရသာမြည်းပြီး စားဖို့ပြင်ဆင်နိုင်ပါပြီ။

No comments:

Post a Comment