မာမာအခုရက်ထဲ ဟင်းလေးတွေမချက်ဖြစ်တာ တော်တော်ကြာသွားခဲ့ပါတယ် ဒီနေ့တော့စိတ်ထဲမှာ စားချင်တဲ့ဟင်းလေးကို ချက်ဖြစ်ခဲ့ပါတယ် ထမင်းကောင်းကောင်း မစားချင်ခဲ့တဲ့ ရက်တွေအတွက် ခံတွင်းလိုက်စေမဲ့ အရံဟင်းလေးပါ။
ချဉ်ငံစပ်ဆိုရင် ထမင်းစားရတာ မိန်စေတဲ့အတွက် ဒီနေ့အတွက် ငံပြာရည်ချက်လေးတမယ် ချက်လိုက်ပါတယ် တစ်ကယ်လဲ ထမင်းစားလို့မိန်ခဲ့ပါတယ် ထမင်းမိန်မိန်စားချင်လို့ ချက်စားကြည့်မယ်ဆိုရင် ချက်ရလွယ်တဲ့ ငံပြာရည်ချက် ချက်နည်းလေးကို မျှဝေလုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ရေစိမ်ပြီးမညက်တညက် ထောင်းထားသော ပုဇွန်ခြောက်အကောင်ကြီးကြီး - လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးခွဲ
- ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
- ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်းခွဲ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
- ပါးပါးလှီးထားသောကြက်သွန်နီ - ကြီးကြီး တစ်လုံး
- အနေတော်စိတ်ထာသော ကြက်သွန်ဖြူ - ငါးမွှာ
ပြင်ဆင်ပုံ
- ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး မီးအနေတော်နှင့် အပူပေးပါ။
- ဆီပူလာပါက ကြက်သွန်နီကို ပျော့သွားတဲ့ထိ ကြော်ပေးပါ။
- ကြက်သွန်နီပျော့ပြီး မွှေးလာပါက ငရုတ်သီးမှုန့်ကိုထဲ့ပြီး မွှေးလာတဲ့အထိ ကြော်ပေးပါ။
- ငရုတ်သီးမှုန့်မွှေးလာတာနဲ့ ပုဇွန်ခြောက်မှုန့်ကိုထဲ့ပြီး နှစ်မိနစ်လောက် မွှေပေးပါ။
- ပြီးတာနဲ့ ငံပြာရည်ကိုထဲ့ပြီး မွှေပေးပါ။
- ငံပြာရည်နံ့ သင်းလာပါကရေ မြုပ်အောင်ထဲ့ပြီး အရသာမှုန့်ထဲ့ကာ ရေဆူပြီး ရေခမ်းတဲ့အထိ တည်ပေးပါ။
- ရေခမ်းပြီး ဆီပြန်သွားပါ အရသာမြည်းကာ လိုသလို ပြင်ပေးပါ။
- ပြီးတာနဲ့ ထမင်းမိန်စေမဲ့ ငံပြာရည်ကြော် စပ်စပ်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment