မာမာ့ သားနဲ့သမီး အရမ်းကြိုက်တဲ့ ဟင်းတစ်မျိုးပါ ကြက်ဥဆို ဘယ်လိုချက်ချက် ကြိုက်ကြပြီး အခုလို ပုဇွန်ခြောက်မှုန့်နဲ့ကြော်နှပ်လေးချက်ရင်တော့ ခေါင်းမဖော်တမ်း စားကြတာမို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကြက်ဥ - ငါးလုံး ( ကျက်အောင်ပြုပ်ပြီး အခွံခွာကာ ပါတ်ပါတ်လည် မွှန်းထားပါ )
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း ငါးဇွန်း
- ကြက်သွန်နီ - အလုံးကြီးကြီး နှစ်လုံး (ပါးပါးလှီးပြီး ရေဆေးထားပါ )
- ချင်း - လက်တစ်ဆစ်ခန့် (ခပ်ပါးပါး ခပ်ရိတ်ရိတ်လှီးထားပါ)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်ဆီ
- - ထမင်းစားဇွန်း ကိုးဇွန်း
ပြင်ဆင်ပုံ
- ဒယ်အိုးထဲ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ လှီးထားသော ချင်းနှင့် ကြက်သွန်နီကို နွမ်းသွားအောင် ကြော်လိုက်ပါ
- ကြက်သွန်နွမ်းတာနဲ့ ကြက်ဥ အချိုမှုန့် ငံပြာရည် ပဲငံပြာရည်တို့ကို ထည့်မွှေပါ
- တစ်မိနစ်လောက် မွှေပြီးတာနဲ့ ပုဇွန်ခြောက်မှုန့်ထည့်ပြီးမွှေပေးပါ
- အားလုံး နှစ်မိနစ်လောက် ချက်ပေးပြီးပါက ကြက်ဥပုဇွန်ခြောက်နှပ် ချိုချိုမွှေးမွှေးလေးကို စားသုံးရန် ပြင်ဆင်နိူင်ပါပြီ။
No comments:
Post a Comment