Friday 30 October 2015

ကြက်ဥကြော် ချဉ်ရည်ဟင်း



ကြက်ဥချဉ်ရည်ဟင်းကို အမျိုးမျိုးချက်ကာ စားကြတဲ့အထဲက ဒီချက်နည်းလေးက ကြက်ဥကို ကြော်ပြီးမှ ပြန်ချက်တဲ့ နည်းလေးပါ  ချက်နည်းကတော့ ကြက်ဥချဉ်ရည်ဟင်း ချက်နည်းအတိုင်းပါဘဲ။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြက်ဥကို အလုံးလိုက် ဖောက်ပြီး ကြော်ထားကာ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှေ၀ပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥ - ၆လုံး
  2. အာလူး - အနေတော် သုံးလုံး
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. မန်ကျည်းသီမှည့် အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း ၇ ဇွန်း

ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့် ရောပြီးထောင်းထားပါ
  • အာလူးကို အခွံခွာပြီး ရေဆေးကာ အနေတော် အစိတ်လေးတွေ စိတ်ထားပေးပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်ဥများကို တစ်လုံးခြင်း ဖောက်ကြော်ပြီး အနှစ်နှင့်အကာ ကျက်သွားတာနဲ့ ဆယ်ထားပါ
  • ကြက်ဥကြော်ထားသော ဆီထဲမှာဘဲ ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း ငရုတ်သီးမှုန့် ထောင်းထားတာတို့ကို ထည့်ကာ မွှေးလာတဲ့ထိ ဆီသတ်ပေးပါ
  • ငရုတ်သီး ဆီသတ်နံ့ မွှေးလာတာနဲ့ အာလူးကိုထည့်ပြီး ငါးငံပြာရည် တစ်ခါထဲထည့်ကာ ဆီသတ်ပေးပါ
  • ငံပြာရည်နံ့ သင်းလာပြီး အာလူးအရောင် ပြောင်းလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အရသာမှုန့်နှင့် ဆားထဲ့ကာ အာလူးနူးအောင် တည်ပေးပါ
  • အာလူးနူးလာတာနဲ့ ကြက်ဥကြော်ပြီးသားကို အရင်ထည့်ကာ မကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေဆူအောင် ဆက်တည်ပေးပါ
  • ဆီကျန်ရေကျန် မိမိစိတ်ကြိုက် အ​ေနအထား ရလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မဆလာအုပ်ပေးပါ
  • ပြီးတာနဲ့ ကြက်ဥကြော် ချဉ်ရည်ဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment