Tuesday 20 October 2015

ငါးသေတ္တာဟင်း


ဒီနေ့တော့ လွယ်ကူမြန်ဆန် ချက်ရတာလဲမြန် စားရတာလဲ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးသေတ္တာဟင်း ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ငါးသေတ္တာ - ဗူးကြီး တစ်ဗူး
  2. အခွံခွာပြီး ရေဆေးကာ အကွင်းလိုက်လှီးထားသော ကြက်သွန်နီ - ကြီးကြီး တစ်လုံး
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  5. ခရမ်းချဉ်သီး - နှစ်လုံး ( တလုံးကို လေးစိတ် စိတ်ထားပါ)

ပြင်ဆင်ပုံ
  • ငါးသေတ္တာဗူးကို ဖောက်ထားပါ
  • ဆီကိုအပူပေးပြီး ကြက်သွန်နီကို နွမ်းအောင်ကြော်ေးပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ ငါးသေတ္တာနှင့် ဆားတို့ထည့်ပြီး ရေအနည်းငယ်ထည့်ကာ ရေဆူအောင်တည်ပေးပါ
  • ရေဆူလာတာနဲ့ ခရမ်းချဉ်သီးထည့်မွှေပြီး တစ်မိနစ်လောက် တည်ပေးရင် ရပါပြီ။

No comments:

Post a Comment