Sunday 11 October 2015

ရွှေဖရုံသီးဟင်း


ဒီဟင်းကတော့ မာမာ့အကြိုက်ထဲက ဟင်းတစ်မယ်ပါ ချက်ရတာလဲ လွယ်သလောက် စားရတာ အရမ်းကာင်းပါတယ် ငပိထောင်းလေးနဲ့များတွဲပြီးစားလိုက်ရင် ဆွေမေ့မျိုးမေ့ဟင်း တစ်မျိုးပါ

ရွှေဖရုံသီးက စေးရင်ပိုပြီး စားကောင်းပါတယ် ဒီမှာတော့ ပလပ်စတစ်တွေ အုပ်ထားတဲ့အတွက် စေးမစေး မသိရပါဘူး မြန်မာပြည်မှာဆိုရင် ရွှေဖရုံသီးကို လက်သည်းလေးနဲ့ထိုးလိုက် ထွက်လာတဲ့ အစေးကို လက်မနဲ့ လက်ညှိုးလေး၂ခုမှာကပ်ပြီး ကြည့်လိုက်လို့ ကပ်နေရင် စေးတယ်ပေါ့နော်။

ဒီမှာက လိုချင်တဲ့အလုံး ကောက်ယူလာပြီး ချက်ရတော့တာပါဘဲ ကံကောင်းရင် အစီးသီးရမယ် ကံမကောင်းရင် ဖွယ်တယ်တယ် အသီးလေး စားရမယ်ပေါ့ရှင် ဒီနေ့ချက်တာတွေကတော့ အဖွယ်သီးလေးပါ။

ပါဝင်ပစ္စည်းများ

  1. အခွံခွာပြီး ရေစင်အောင် ဆေးထားသော ရွှေဖရုံသီး - 1 kg
  2. အခွံခွာပြီး ကြောခွဲအမဲကြောင်း ထုတ်ထားသော ပုဇွန်ထုတ် - ဆယ်ကောင်
  3. ညက်နေအောင် ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ညက်နေအောင် ထောင်းသော ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ညက်နေအောင် ထောင်းထားသော ချင်း - လက်တစ်ဆစ်
  6. ငရုတ်သီးအရောင်တင်မှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း ၃ဇွန်း

ချက်ဖို့ပြင်ပါမယ်
  • ဟင်းရည်သောက်ချက်ရန် အိုးတစ်လုံးထဲသို့ရွှေဖရုံသီးနဲ့အတူ ပါဝင်ပစ္စည်းအားလုံးကို ထဲ့ပြီးနယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ ရေအနည်းငယ်ထဲ့ပြီး လုံးချက်ချက်ကာ တည်ပေးပါ
  • လုံးရေခမ်းကာနီး ဆီသံမကြားခင် ရေလိုသလောက်ထပ်ထဲ့ပြီး တည်ပေးပါ
  • ရွှေဖရုံသီးနူးတာနဲ့ ဟင်းရည်အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလိုပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ စားသုံးရန် ဟင်းပွဲကို ပြင်ပေးလို့ ရပါပြီ။

2 comments:

  1. ရွှေဖရုံသီး စေး မစေး သိရအောင် လုပ်နည်းလေး ပြောပြ share ပေးလို့
    ကျေးဇူး အထူးတင်ပါတယ် အစ်မရေ .... ^___^

    ReplyDelete
  2. ဗဟုသုတလေးပေါ့နော် :-D

    ReplyDelete