Saturday 17 October 2015

အစိမ်းကြော်


အသားဟင်း မစားတဲ့ သမီးလေးအတွက် ထမင်းစားလို့ မြိန်ရလေအောင် ပန်းဂေါ်ဖီသီးစုံ အရောလေး ကြော်ရင်းက စားမြိန်ဖွယ်ရာ ဟင်းလေးဖြစ်ခဲ့လို့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. အနေတော် လှီးထားသော ပန်းဂေါ်ဖီ - အနေတော် တစ်ပွင့်
  2. အနေတော် လှီးထားသော ပဲတောင့်ရှည် - လေးတောင့်
  3. အနေတော် လှီးထားသော မုံလာဥနီ - အနေတော် တစ်ဥ
  4. ရှစ်တ် စိတ်ထားသော ကြက်သွန်နီ  - အနေတော် တစ်ဥ
  5. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  6. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  7. ဆား -လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. တရုတ်နံနံ - အနေတော် တစ်ပင်
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ ဆီပူလာပါက နနွင်းမှုန့်ထည့်ပါ
  • ပြီးတာနဲ့ ကြက်သွန်အဖြူ  အနီတို့ကို ထည့်ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းတာနဲ့ ပန်းဂေါ်ဖီ ပဲသီး မုံလာဥနီ ဆား ဟင်းချိုမှုန့်တို့ကို ထည့်ကြော်ပါ
  • တစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ပဲငံပြာရည်နှင့် တရုတ်နံနံ ထည့်မွှေပြီး အရသာမြည်းကာ လိုသလိုပြင်ပြီး  စားသုံးနိူင်ပါပြီ။

No comments:

Post a Comment