သမီးအတွက် လုပ်ပေးဖြစ်တဲ့ ကော်ပြန့်လေးပါ သတ်သတ်လွတ်လေးပေမဲ့ စားလို့အရမ်းကောင်းပါတယ် အသီးအရွက်ကြိုက်တဲ့ သမီးအတွက်တော့ နတ်သုဒ္ဒါပေါ့နော် သူကြိုက်တယ်လို့ ပြောတိုင်း အမေက အမောတွေပြေရတာပေါ့လေ။
ကော်ပြန့်စိမ်းလေး မကြာမကြာ လုပ်စားဖြစ်သလို အိမ်မှာရှိတဲ့ အသီးအရွက်တွေနဲ့ အဆင်ပြေအောင် လုပ်နိုင်တာမို့ အရသာရှိရှိနဲ့ စားသုံးနိုင်အောင် မာမာလုပ်တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ရေနာရီဝက်ခန့်စိမ်ပြီး အနေတော်အရွယ် လှီးထားသော ဂျပန်မှို- တရုတ်ဟင်းပြင်ပန်းကန် အသေးတစ်လုံး
- အနေတော်အရွယ် လှီးထားသော တရုတ်မုန့်ညှင်း - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
- လက်တစ်ဆစ်ခန့်အနေလှီးထားသော ကြက်သွန်မိတ် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
- တလက်မသာသာအရှည် အချောင်းလေးများရအောင်လှီးထားသော မုံလာဥနီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
- လက်တစ်ဆစ်ခန့်အရွယ်လှီးထားသော တရုတ်နံနံ - လက်ဖက်ရည်ကြမ်းပန်းကန် တစ်လုံးမောက်မောက်
- ဆလတ်ရွက် - ၁၂ရွက်
- သေးသေးနုတ်နုတ်လှီးထားသော ကြက်သွန်နီ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
- ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
- နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း ၃ဇွန်း
- ပဲငံပြာရည်အပြစ် - ထမင်းစားဇွန်း ၂ဇွန်း
- Rice paper - ၁၂ရွက်
ပြင်ဆင်ပုံ
- လှီးထားသော အသီးအရွက် အားလုံးကို ရေဆေးပြေးရေစစ်ထားပါ
- ဆီကိုအပူပေးပြီး ကြက်သွန်ဖြူကို နီညိုရောင် သန်းလာတဲ့ထိ ကြော်လိုက်ပြါ
- ပီးတာနဲ့ကြက်သွန်နီကို မိနစ်ဝက်လောက် ထဲ့မွှေပါ
- မုံလာဥနီ မှို တရုတ်မုန့်ညှင်းတို့ကို မိနစ်ဝက်လောက် ထဲ့မွှေပါ
- ဆား အရသာမှုန့်ထဲ့ပြီးတာနဲ့ ကြက်သွန်မိတ် တရုတ်နံနံ ငရုတ်ကောင်းမှုန့် နှမ်းဆီတို့ကို ထဲ့မွှေပါ
- တမိနစ်လောက် မွှေပြီးတာနဲ့ မီးပိတ်ပြီး ကြော်ထားသောအိုးကို တခြမ်းစောင်းကာ အအေးခံပြီး အရည်စစ်ပေးထားပါ။
- အသီးအရွက်များအေးတာနဲ့ ဆန်ပြားရွက်ကို ရေနွေးနွေးလေးနဲ့ ပန်းကန်ပြား တချပ်ထဲထဲ့ပြီး မိနစ်ဝက်လောက်ဘဲ ပျော့လာတဲ့ထိစိမ်လိုက်ပါ
- စိမ်ပြီးတာနဲ့ ပန်းကန်ပြားအခြောက်တချပ်ပေါ်ဖြန့်တင်ပြီး ခင်းပေးပါ
- ဆန်ပြားရွက်ပေါ်မှာ ဆလတ်ရွက်တရွက်ကို ခင်းပေးပါ
- ကြော်ထားသော အစာကို ထမင်းစားဇွန်း သုံးဇွန်းလောက်ကို ဆလတ်ရွက်အပေါ်တင်ပြီး အောက်ဖက်နားမှာ ပုံပြီးထဲ့ပေးပါ
- အစာများ ပုံထားသော အောက်ဖက်မှ အစာကိုအုပ်ပြီး စလိပ်ပေးပါ
- ဘေးနှစ်ဖက်ကို အစာအပေါ်ကို တစဆီ ခေါက်ပေးပါ
- နောက်ထပ်အောက်ဖက်မှ အလိပ်ပုံစံရတဲ့အထိ ဆက်တိုက်လိပ်ပေးသွားပြီးရင် ရပါပြီ
- ကော်ပြန့်စိမ်းအပြင်သား ထူထူလေးရအောင် လိပ်ပြီးသား အလိပ်များကို နောက်ထပ်ဆန်ပြားဖတ် တရွက်ဆီကို ရေစိမ်ပြီး ထပ်လိပ်ပေးပါက လှီးတဲ့အခါလှီးလို့ကောင်းသလို စားလို့လဲ ပိုပြီးကောင်းပါတယ်။
အချဉ်ရည်အတွက်ပြင်ရန်
- Tomato sauce ထမင်းစားဇွန်း ၂ဇွန်း
- Chili sauce ထမင်းစားဇွန်း ၂ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ရေနွေး ထမင်းစားဇွန်း ၄ဇွန်း တို့ကိုရောမွှေပေးပါ။
No comments:
Post a Comment