Sunday 11 October 2015

ဆယ်လ်မွန်ငါးကင်


ဒီနေ့တော့ ကင်ရတာမြန်ပြီး လွယ်လဲလွယ် အဟာရရော အရသာပါ ပြည့်ဝလွန်းတဲ့ ဆယ်လ်လမွန်ငါးကင်လေး ကင်ဖြစ်တာမို့ အလွယ်တကူ ကင်စားနိုင်အောင် မာမာပြင်ဆင်ပြီး ကင်ထားတဲ့ ကင်နည်းလေး မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အရည်ခွံပါသော ဆယ်လ်မွန်ငါး - 270 g
  2. ဆား  - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. သံလွင်ဆီ - ထမင်းစားဇွန်းတစ်ဇွန်း (သံလွင်ဆီမရှိက တစ်ခြားဆီကို သုံးနိုင်ပါတယ်)
  7. ပဲစိမ်းသီး - ၅တောင့်

ပြင်ဆင်ပုံ
  1. ဆယ်လ်မွန်ငါးကို အကြေးခွံဖယ်ပြီး ရေဆေးပေးပါ
  2. ရေဆေးထားသောငါးကို ရေ ခနစစ်ထားပြီး ဆား အချိုမှုန့် ငရုတ်ကောင်းမှုန့် နနွင်းမှုန့်တို့နဲ့ ခပ်ဖွဖွဆုတ်ပြီး နယ်ပေးပါ
  3. အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ
  4. ဆီပူလာတာနဲ့ငါးကို အရည်ခွံဘက်မှစပြီး အိုးထဲထည့်ပေးပါ
  5. ၂မိနစ်လောက်အပူပေးပြီး ငါးအပေါ်ယံကို ဆီအနည်းငယ် သုတ်ပေးကာ တဖက်ကို လှည့်ပေးပြီး ကင်ပါ
  6. နောက်တဖက်ကိုလဲ ၂မိနစ်လောက်ကင်ပေးပြီးရင် ရပါပြီ
  7. ငါးကင်သော အိုးထဲမှာဘဲ ပိုနေတဲ့ ဆီကိုထည့်ပြီး ပဲသီးကို လှိမ့်ပေးပါ တမိနစ်လောက်လှိမ့်ပေးပါ
  8. ငါးကင်ထည့်ထားသော ပန်းကန်ထဲမှာ ပဲသီးထည့်ကာ စားပွဲပြင်နိုင်ပါပြီ။

No comments:

Post a Comment