ဒီငါးပိထောင်းလေးကတော့ ရိုးရိုးလေး ထောင်းထားပြီး ငါးပိထောင်းသက်သက် ထမင်းနဲ့စားနိုင်သလို ငါးပိထောင်းကို ကြက်သွန်နီ သံပုရာသီးတို့နဲ့ သုပ်စားနိုင်အောင် ထောင်းထားတာမို့ ကြာရှည်ခံ ငါးပိထောင်းနည်းလေးကို မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပုဇွန်ငါးပိ - ထမင်းစားဇွန်း မောက်မောက် ၂ဇွန်းခွဲ
- ပုဇွန်ခြောက် - အကောင်ကြီးကြီး ၁၅ကောင်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
- ငရုတ်သီးစိမ်း - ၁၅တောင့်
- ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်းတစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
ပြင်ဆင်ပုံ
- ပုဇွန်ငါးပိကို ပန်းကန်ထဲမှာထည့်ပြီး မိုက်ခရိုဝေ့ထဲမှာ စက္ကန့်၃၀ဆီ ၂ခါကင်ပေးပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေကာ မွှေးလာအောင် လှော်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
- ပုဇွန်ခြောက်ကို ရေဆေးထားပါ
- အရင်ဆုံး ငရုတ်ဆုံထဲမှာ ပုဇွန်ခြောက်ကို ညက်နေအောင် ထောင်းပေးပါ
- ပုဇွန်ခြောက် ညက်တာနဲ့ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ထည့်ထောင်းပါ
- အားလုံး လေးစိတ်ကွဲ အနေအထား ရတာနဲ့အရသာမှုန့် ပုဇွန်ငါးပိကင်နှင့် ငရုတ်သီး အလှော်မှုန့် တို့ ထည့်ထောင်းပါ
- ပြီးတာနဲ့ ပုဇွန်ငါးပိထောင်း မွှေးမွှေးလေးကို ဗူးသန့်သန့်လေးထဲမှာ ထည့်ပေးပြီး ရေခဲသေတာထဲမှာ ထည့်ပေးပြီး သိမ်းထားလို့ ရပါပြီ။
No comments:
Post a Comment