ကြက်ပေါင်ရင်းသား ကြွတ်ကြွတ်မွှေးမွှေးလေး ကြော်စားလိုက်တာ ကလေးလူကြီး ကြိုက်နှစ်သက်မယ်ထင်လို့ ကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- အရည်ခွံပါသော ကြက်ပေါင်ရင်းသား - ၃တုံး
- ချင်း - ခပ်ပါးပါး ၂ပြား ထောင်းထားပါ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
- ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
- ကြက်သွန်ဖြူ - ၅မွှာ ထောင်းထားပါ
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
- ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် နှစ်လုံး
ပြင်ဆင်ချက်ပြုပ်ပုံ
- ကြက်သားကို ရေဆေးပြီး ကြက်သားမှုန့် နနွင်းမှုန့်ငရုတ်ကောင်းမှုန့် ချင်းထောင်းတို့နှင့်ချင်းထောင်း တို့နှင့် နယ်ပြီး ဆယ်မိနစ်လောက် နှပ်ထားပါ
- ဆီကိုအပူပေးပါ ဆီပူလာက မီးကို အနည်းငယ်လျော့ပြီး မှ ကြက်သားကို ထည့်ကြော်ပေးပါ
- အပေါ်ယံ အသားနည်းနည်းမာလာမှ တဖက်ကို လှန်ပြီးကြော်ပေးပါ
- ကြော်နေစဉ် ကြက်သွန်နှင့်ချင်းဖတ်များ ဘေးကိုထွက်လာလျှင် အပေါက်ပါသော ဇွန်းဖြင့် ဆယ်ပြီး ခပ်ထားပါ
- တဖက်က ရွှေဝါရောင်သန်းလာပါက နောက်တဖက်ကို လှန်ပြီးကြော်ပေးပါ
- ကျန်တဲ့တဖက်လဲ ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
- အားလုံးကျက်သွားပါက ချင်းနှင့် ကြက်သွန်ကြော်လေးများ ဖြူးပြီး စားသုံးရန်ပြင်ပေးပါ
- အရည်ခွံ ကြွတ်ကြွတ်လေးနဲ့အသားအိအိ ကြက်ပြုပ်ကြော်လေးကို လိုသလို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment