Saturday 10 October 2015

ကြက်ဥ မျှစ်ကြော်


မိသားစုအတွက် ရိုးရှင်းတဲ့ အရံဟင်းလေး တစ်မယ်ချက်ပါတယ် အရံဟင်းလို့ဆိုပေမဲ့ မျှစ်ကြော်တဲ့နေ့ဆို အသားဟင်း မလိုအောင်ကို အရမ်းကြိုက်တဲ့ မျှစ်ကြော်ပါ။

ကြော်ရတာ လွယ်သလို မြန်လဲအရမ်းမြန်လို့ ကြော်နည်းလေး မှဝေပေးပါမယ် သိပြီးသားသူတွေအတွက် မဆန်းပေမဲ့ မျှစ်ကြော်နည်း မသိသေးတဲ့ သူတွေအတွက် ကြော်နည်းလေးတစ်ခုတော့ ရသွားမှာပါ။

ပါဝင်ပစ္စည်းများ

  1. ပြုပ်ပြီးအဆင်သင့်လှီးထားသော မျှစ် -1 kg
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်ဥ - တစ်လုံး
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဆီ - ထမင်းစားဇွန်း ငါးဇွန်း

ပြင်ဆင်ပုံ
  1. အဆင်သင့် လှီးထားသော မျှစ်ကို ရေဆေးပြီး ရေစစ်ထားပါ
  2. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးလှီးထားပါ
  3. ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  4. ဆီပူလာပါက နနွင်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပါ
  5. ကြက်သွန်နီကို နွမ်းရုံလေးဘဲကြော်ပြီး မျှစ်ကိုထည့်မွှေပါ
  6. နှစ်မိနစ်လောက်ကြော်ကာ ဆားနှင့်အရသာမှုန့်ထည့်မွှေပြီး တစ်မိနစ်လောက် ကြော်ပီးတာနဲ့ကြက်ဥကို အလုံးလိုက် ဖောက်ထည့်ပြီး မွှေပေးပါ
  7. ကြက်ဥကျက်တာနဲ့ လွယ်ကူမြန်ဆန်သော ကြက်ဥမျှစ်ကြော်လေးကို အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ပြင်ပေးကာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment