Tuesday 20 October 2015

ကြက်ဥသုပ်


အသားမစားချင်တဲ့ ရက်တွေဆိုရင် ကြက်ဥကိုပြုပ်ပြီး သုပ်လိုက်ရင် အဆင်ပြေတဲ့ ထမင်းဝိုင်းလေး ဖြစ်သွားတတ် သလိုပါဘဲ ပဲဆီစိမ်းရဲ့ အနံ့မွှေးမွှေးလေးက ထမင်းကို မြိန်စေတာ ဖြစ်တဲ့အတွက် ကြက်ဥသုပ်နည်းလေးကို မျှေ၀ပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥ - ၃လုံး 
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ပဲဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က် မရှိတစ်ရှိ
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. သံပုရာသီး - တစ်စိတ်

ပြင်ဆင်ပုံ
  • ကြက်ဥကို ကျက်အောင်ပြုပြီး အခွံခွာကာ ခပ်ထူထူ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလှီးပြီး ရေတစ်ထပ် ထပ်ဆေးပေးပါ
  • သံပုရာသီးကို ရေဆေးပြီး တစိတ် စိတ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်ဥ ကြက်သွန်နီ ဆား သံပုရာရည် အချိုမှုန့် နှင့် ဆီတို့ ထည့်ပြီး ခပ်ဖွဖွလေး နယ်ပေးပါ
  • အားလုံး အရသာ သမသွားပါက ကြက်ဥသုပ် မွှေးမွှေးစိမ့်စိမ့်လေးကို စားပွဲပြင်ပေးနိူင်ပါပြီ

No comments:

Post a Comment