က်အသည်းအမြစ်ကို ပြုပ်ပြီး ဆီချက်ခေါက်ဆွဲ လုပ်စားဖြစ်လို့ စားကောင်းတိုင်း ဘလော့ပေါ်ရောက်လာအောင် လာပို့ရင်း မာမာလုပ်စားဖြစ်တဲ့ ဆီချက်ခေါက်ဆွဲ လုပ်နည်းလေး မျှေ၀လိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်အသည်းအမြစ် - 150 g
- ခေါက်ဆွဲ - 200 g
- ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
- နှမ်းဖြူ - ထမင်းစားဇွန် သုံးဇွန်း
- ကြက်သွန်ဖြူကြော် - ထမင်းစားဇွန်း ၃ဇွန်း
- ကင်းမွန်ငံပြာရည် - လဖက်ရည် အကြမ်းပန်းကန် တလုံး
- အချိုမှုန့် - အနည်းငယ်
- မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တဗူး
- ကြက်သွန်မိတ် - အနည်းငယ်
- နာနတ်ပွင့် - တပွင့်
- ဆား - လက်ဖက်ရယ်ဇွန်း တ၀က်
ပြင်ဆင်ပုံ
- ကြက်အသည်းအမြစ်ကို ဆာ နနွင်း သင့်ရုံထည့်ပြီး ခပ်နာနာလေး နယ်လိုက်ပါ
- ပြီးတာနဲ့ရေစင်အောင် ဆေးပေးပါ
- ရေဆေးပြီး အချိုမှုန့် နှင့်ဆား လက်ဖက်ရည်ဇွန်းတ၀က်ဆီ ထည့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး နာနတ်ပွင့်ထည့်ကာ ရေခမ်းအောင် ပြုပ်ပေးပါ
- ကြက်အသည်းအမြစ် က်က္သြားပါက ခပ်သေးသေးလေးတွေ လွီးထားပါ
- ခေါက်ဆွဲကို ရေနွေးဆူဆူမှာ နူးအောင်ပြုပ်ပေးပြီး ရေနွေးကို ဇကာထဲသြန္ခ်ျပီး ရေလေးထပ်လောက်ဆေးပြီး ရေစစ်ထားပါ
- မြေပဲကိုလှော်ပြီး အခြံခြ်တ္ကာ မညက်တညက် ထောင်းထားပါ
- ကြက်သွန်ဖြူ ကြော်ပြီးသားကို မညက်တညက် ချေထားပါ (လဖက်ထဲထည့်တဲ့ ကြက်သွန်ဖြူဆိုရင် ပိုကောင်းပါတယ် )
- ဆီကို အပူပေးပြီး ဆီပူလာပါက မီးကိုလျှော့လိုက်ပြီး နှမ်းကိုထည့်ကြော်လိုက်ပါ
- နှမ်းထည့်ကြော်ပြီးတာနဲ့ မီးဖိုပေါ်က ချပေးပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေး လွီးထားပါ
- ငံပြာရည်နှင့် အရသာမှုန့်ကို အဆင်သင့် ပြင်ထားပါ
တပွဲစာပြင်ရန်
- ပြုပ်ထားသော ခေါက်ဆွဲကို တပွဲစာယူပြီး ဇကာထဲထည့်ကာ ရေနွေးထဲ ခနလေးစိမ်ပြီး ပြန်ဆည်ကာ ရေစစ်ပြီး ပန်းကန်ထဲထည့်ပေးပါ
- ကြက်အသည်းအမြစ် ထမင်းစားဇွန်း ၂ဇွန်း အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က် မြေပဲမှုန့် ထမင်းစားဇွန်း တဇွန်း ဆီချက် ထမ်းစားဇွန်း တဇွန်းခွဲ ငံပြာရည် လက်ဖက်ရယ်ဇွန် တ၀က္သာသာ ကြက်သွန်ဖြူဆီချက် လက်ဖက်ရည်ဇွန်း တဇွန်းနှင့် ကြက်သွန်မိတ်တို့ထည့်ကာ ကြက်ရိုးဟင်းခါး ကြက်သွန်ချဉ်လေးတို့ နှင့်တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment