ဘဲသားဆန်ပြုပ် ပြုပ်သောက်ဖြစ်လို့ ပြုပ်နည်းလေး မျှဝေလိုက်ပါတယ် ဒီဆန်ပြုပ်ကိုလဲ အရင်ပြုပ်ဖူးတဲ့ ကြက်သားဆန်ပြုပ်နည်းအတိုင်း ဆန်လှော်နဲ့ဘဲပြုပ်ထားပါတယ်။
မာမာတို့မိသားစုလေးယောက် တစ်နေကုန် ဆာရင်ဆာသလို သောက်နိုင်ဖို့ ထမင်းပေါင်းအိုး ဆန်ချင်ဗူး၂ဗူးကို လှော်ပြီးပြုပ်ထားတဲ့ နည်းလေး မျှဝေလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
- ဘဲသား - အနေတော် တစ်ခြမ်း
- ကြက်သွန်နီ - ဥအသေး ၁၀လုံး (ဆန်ပြုပ်ထဲထည့်ရန်)
- ဆား - လက်ဖက်ရည်ဇွန်း ၄ဇွန်း ( ဇွန်းတစ်၀က်ကို ဘဲသားပြုပ်ထဲထည့်ရန်)
- နနွင်းမှုန့်- လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း ၄ဇွန်း
- ကြက်သွန်နီ - အနေတော် တစ်ဥ (ငါးဆီသတ်ရန်)
- ကြက်သွန်ဖြူ - အမွှာကြီးကြီး၂မွှာ (ငါးဆီသတ်ရန်)
- ကြက်သွန်မိတ် - အပင်ကြီးကြီး ၃ပင်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း ၃ဇွန်းခွဲ (တစ်၀က်ကို ဘဲသားပြုပ်ထဲ့ထည့်ရန်)
- ကြက်သွန်ဖြူ - အမွှာကြီးကြီး၄မွှာ (ဆန်ပြုပ်ထဲထည့်ရန်)
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- ကြက်သွန်ဖြူ ဆီချက် - လိုသလောက် ပြင်ထားပါ
ဆန်လှော်ပုံ
- ဒယ်အိုးထဲမှာ ဆန်ထည့်ပြီး မီးအနေတော်နဲ့ လှော်ပေးပါ
- ဆန်လှော် အကျက်ညီစေရန် မကြာမကြာ မွှေမွှေပေးပါ
- ဆန်လှော်များ ညိုရောင်သန်းလာပြီး မွှေးလာပါက မီးပိတ်ပေးထားပါ
ပြင်ဆင်ပုံ
- ဇောက်နက်သော အိုးထဲမှာ ဆန်လှော်ကို ရေများများထဲ့ပြီး နူးအောင်ပြုပ်ထားပါ
- ဆန်လုံးများကျေလာအောင် ပြုပ်ပေးပါ
- ဘဲသားကို အခြမ်းလိုက် ရေဆေးပေးပါ
- ရေဆေးထားသော ဘဲသားကို အိုးထဲမှာထည့်ပြီး အရသာမှုန့်နှင့် ဆားတို့နှင့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
- ရေခမ်းတာနဲ့ ဘဲသားကို အသားမျှင်လေးတွေ ရအောင် ထွင်ထားပါ
- ကြက်သွန်နီ ဥအသေးများကို အခွံခွာပြီး ရေဆေးထားပါ
- ကြက်သွန်နီ အနေတော် တစ်ဥကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်ဖြူ အမွှာကြီးကြီး နှစ်မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ကြက်သွန်ဖြူ အမွှာကြီးကြီး လေးမွှာကို အခွံခွာပြီး ရေဆေးကာ ငရုတ်ကောင်းနှင့် ရောပြီးထောင်းထားပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
- ကြက်သွန်ဖြူ ဆီချက်ကို ပြင်ထားပါ
- ဆန်ပြုပ်နေတုံး ဆီကို နနွင်းမှုန့်ထဲ့ကာ အပူပေးပြီး လှီးထားသော ကြက်သွန်နီ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူတို့ကို ဆီသတ်ပါ
- ကြက်သွန်များပျော့ပြီး မွှေးလာပါက ဘဲသားများကိုထည့်ပြီး ၅မိနစ်လောက် ဆီသတ်ပေးထားပါ
- ဆန်ပြုပ်များ မနူးသေးပါက ဆန်နူးတဲ့ထိ ရေထပ်ထပ်ထဲ့ပြီး ပြုပ်ပေးပါ
- ပြုပ်နေစဉ် အိုးမကပ်အောင် မကြာမကြာ မွှေမွှေပေးပါ
- ဆန်နူးပြီ ဆိုပါက ရေကိုတရုတ်ဟင်းပြင်ပန်းကန် ၆လုံးစာလောက်ထဲ့ပေးပြီး ကြက်သွန်ဥလေးများနှင့် ငါးဆီသတ်ကို ထဲ့ပြုပ်ပေးပါ
- ဆားနှင့်အရသာမှုန့်၂ဇွန်းကိုထဲ့ပြီး အရသာမြည်းပေးပါ
- လိုအပ်သော အရသာ ရလာအောင် ပြင်ပေးပြီး ကြက်သွန်ဥလေးများ နူးလာပါက ထောင်းထားသော ကြက်သွန်ဖြူ ငရုတ်ကောင်းတို့ကိုထဲ့ပြီး မီးနွေးနွေးနဲ့တည်ထားပါ
- ပန်းကန်လုံးထဲမှာ ဘဲသားဆန်ပြုပ်ကို မိမိ လိုသလောက် ထဲ့ပေးကာ သောက်ကာနီးမှ ကြက်သွန်ဖြူဆီချက်နှင့် ကြက်သွန်မိတ်ဖြူးပြီး သောက်နိူင်ပါပြီ။
ဆန်ပြုပ်ကလေးလဲ သောက်ချင်တယ် ....
ReplyDelete