တောရွာက အလှူတွေမှာ မပါမဖြစ်တဲ့ ဟင်းခါးတစ်မျိုးပါ ချက်နည်းလေး လွယ်ကူပြီး သောက်လို့ကောင်းတဲ့ ဟင်းခါးချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပဲလိပ် ၁၂လက်မလောက် တစ်ေချာင်းကို ရေစိမ်ထားပြီး နူးလာပါက အနေတော် ပိုင်းဖြတ်ပေးပါ
- ပုဇွန်ခြောက် ၁၅ကောင်လောက်ကို ရေစိမ်ပြီး မညက်တစ်ညက် ထောင်းပေးပါ
- ကြွက်နားရွက် မှိုများကို ရေနာရီဝက်လောက် စိမ်ထားပြီး ရေဆေးထားပါ
- ကြက်သွန်ဖြူ ၄ မွှာကို မညက်တစ်ညက် ထောင်းထားပါ
- ငရုတ်ကောင်းအလှော် ၇စေ့လောက်ကို ညက်နေအောင် ထေားင်ထားပါ
- အိုးတစ်လုံးထဲတွင် ရေကို တရုတ်ဟင်းရည်သောက် ပန်းကန်၂လုံးစာထဲ့ပြီး တည်ပေးပါ
- ရေအိုးထဲတွင် ထောင်းထားသော ပုဇွှန်ခြောက်မှုန့် ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သားမှုန့် . လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာထည့်ပြီး ဆူအောင်တည်ပေးပါ
- ရေဆူလာတာနဲ့ မှိုခြောက်နှင့် ပဲလိပ်တို့ကိုထည့်ပြီး နူးအောင်တည်ပေးပါ
- ရေပွက်ပွက် ဆူလာပါက ကြက်သွန်ဖြူနှင့်ငရုတ်ကောင်းမှုန့် ကိုရောထောင်းပြီး ဟင်းရည်အိုးထဲထည့်ပေးပါ
- ပြီးတာနဲ့ နှစ်မိလောက် ဆူအောင်တည်ပေးပါ
- ဟင်းရည်အိုး ကျက်ပြီဆိုတာနဲ့ ကြာဇံဟင်းခါး ပူပူလေးကို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment