ဒီနေ့တော့ မိသားစုအကြိုက် သတ်သတ်လွတ် ဟင်းလေးချက်ဖြစ်ပါတယ် ပြောင်းဖူးဆို ပြုပ်လဲကြိုက် ကြော်လဲကြိုက် မီးဖုတ်ရင်လဲကြိုက်ကြလေတော့ အမျိုးစုံအောင် လုပ်စားဖြစ်ပါတယ် ပြောင်းဖူးကို လက်ဖက်လေးနဲ့ရောပြီး သုပ်စားရင်လဲ စွဲမက်စရာပါ။
အရမ်းကို လွယ်လွယ်လေးနဲ့ ဟင်းတစ်မျိုးရနိုင်ပြီး အကုန်အကျလဲ နည်းသလောက် ထမင်ြးမိန်တဲ့ ဟင်းတစ်မယ်ပါ ချိုစိမ့်စိမ့်လေးမို့ အကြိုက်တွေ့စေဖို့ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပြောင်းဖူး - ငါးဖူး (အစေ့ထွင်ပြီးသား )
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
- ကြက်သွန်နီ ခပ်သေးသေး - တစ်ခြမ်း (ပါးပါးလှီးထားပါ )
- နနွင်းမှုန့် -လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
- ပြောင်းဖူးကို ရေဆေးပြီး အစေ့ထွင်ထားပါ
- ကြက်သွန်နီကို အလုံးလိုက် အခွံခွညပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ဆီပူပူမှာ နနွင်းမှုန့်ကို အရင်ထဲ့ပြီး ကြက်သွန်နီကိုထည့်ပြီး ကြော်ပေးပါ
- ကြက်သွန်နီ နွမ်းသွားမှ ပြောင်းဖူးစေ့နှင့် ဆားတို့ကိုထည့်ပြီး မွှေပေးပါ
- ပြီးတာနဲ့ ပြောင်းဖူးကို ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
- ရေခမ်းကာနီးပါက အားလုံရောမွှေပြီး ကြော်ပေးကာ အရသာမြည်းကာ လိုသလိုပြင်ပေးပြီး ရေခမ်းသွားပါက စားသုံးနိုင်ပါပြီ။
ပြောင်းဖူးဆိုရင် ဘယ်လိုလုပ်လုပ်ကြိုက်တယ်မမမာရေ
ReplyDelete