Monday 19 October 2015

ကြက်ဥ ဆူးပုတ်ကြော်


မာမာ ဒီနေ့တော့ လက်ဆောင်ရထားတဲ့ ဆူးပုတ်ရွက်နဲ့ ကြက်ဥကြော်ပါတယ် မာမာတို့ကြီးကြီး ပြောသလိုပါဘဲ အစားပုတ်တော့ အလုပ်ကြာတယ်တဲ့ အခုလဲ ကြီးကြီးပြောတာ မှန်နေပြန်ပါပြီ။

ဆူးပုတ်ရွက်ကြော် စားချင်လို့ ဆူးကြားထဲကနေ အရွက်လေးတွေကို စိတ်ရှည်လက်ရှည်နဲ့ ထွင်ရတဲ့ ဒုက္ခကလဲ တော်တော်လေးကို ကြီးပါတယ် ထွင်ပြီးတဲ့အခါမှာ ကြော်ရင်တော့ အရမ်းကို မြန်လွန်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးပို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥ -  ခြောက်လုံး
  2. ဆူးပုတ်ရွက် - ဟင်းပြင်ပန်းကန် အလတ်တစ်လုံးစာ
  3. ကြပ်သွန်နီ - တစ်လုံး
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. ငရုတ်သီးစိမ်း - လေးတောင့် (ပါးပါးလှီးထားပါ)
  6. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ
  • ကြက်ဥကို ဇလုံတစ်လုံးထဲမှာထည့်ပြီး ပွလာအောင် ခလောက်ထားပါ
  • ဆူးပုတ်ရွက်ကို အခက်လိုက် ရေဆေးပြီး  အဆူးများ မပါအောင် ခြွေထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အောင်ချေမကပ်သော ဒယ်အိုး အပြန့်တစ်လုံးကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းနှုန့်နှင့် ကြက်သွန်နီတို့ပို ထည့်ပေးပြီး ကြက်သွန်များ နွမ်းအောင်ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းလာတာနဲ့ ဆူးပုတ်ရွက်နှင့် ငရုတ်သီးစိမ်းကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ဆားနှက့် အရသာမှုန့်တို့ ထည့်ပြီးမွှေပေးပါ
  • အရသာ သမသွားတာနဲ့ ကြက်ဥခလောက်ထားတာကို  လောင်းထည့်ပြီး မွှေပေးပါ
  • ကြက်ဥဆူးပုတ်ကြော် တစ်ဖက်ကျက်တာနဲ့ နောက်တစ်ဖက်ကိုလှန်ပြီး ဆက်ကြော်ပေးပါ
  • နှစ်ဖက်စလုံး ကျက်တာနဲ့ ပန်းကန်ထဲပြောင်းထည့်ပြီး စားသုံးရန် ပြင်ဆင်နိူင်ပါပြီ။

No comments:

Post a Comment