Monday 19 October 2015

မုံလာရွက် ချဉ်ရည်ဟင်း



ထမင်းဝိုင်းမှာ အရည်သောက်လေး တစ်မယ်ပါမှ ထမင်းမြိန်တတ်သူတွေအတွက် မုံလာရွက် မျှစ်တို့ရောပြီး ချဉ်ရည်ဟင်းလေး ချက်လိုက်တာမို့ ချက်နည်းလေးနဲ့အတူ ဟင်းပွဲလေးပါ ပို့ခဲ့ပါပြီ။

ပါဝင်ပစ္စည်းများ

  1. မုံလာရွက် အရင့် - ၁၅ခက်
  2. ကြက်သွန်နီ - တစ်ခြမ်း
  3. ကြက်သွန်ဖြူ - နှစ်မွှာ
  4. ချင်း - လက်တဆစ်၏ တစ်ဝက်
  5. ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. မကျည်မှည့်းအနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ပုဇွန်ထုတ် - ၁၀ကောင်ေ(ရဆေးပြီး ခေါင်းဖြုတ် အမည်းကြောင်းထုတ်ထားပါ)
  13. နံနံပင် - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  1. အရွက်များကို သင့်သလိုလှီးပြီး ရေဆေးထားပါ
  2. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို ငရုတ်သီးမှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  3. ဇောက်နက်သောအိုးထဲမှာ ပုဇွန်ထုတ်  မျှစ် အရွက်များ နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  4. အရသာနယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
  5. ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  6. အရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  7. ရေပွက်ပွက်ဆူကာ အသီးအရွက်များ နူးလာပါက မကျည်းသီးအနှစ်ထည့်ပြီး ရေကို တမိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ ပြီးတာနဲ့ နံနံပင်အုပ်ကာ အရသာမြည်းပြီး မီးပိတ်ပေးပါ
  8.  မျှစ် မုံလာပင်ချဉ်ငံစပ် အရသာမွှေးလွန်းတဲ့ ချဉ်ရည်ဟင်းရပါပြီ။

No comments:

Post a Comment