ဟင်းအမယ် တစ်မျိုးထဲ ချက်မယ်လို့ စိတ်ကူးတဲ့နေ့ဆိုရင် အခုလို ချိုချဉ်ကြော်လေး ကြော်တတ်ပါတယ် အပြင်အစာတွေ သိပ်မစားတတ်လေတော့ အခုလို တွေးရင်းတောရင်း ပေါ်လာတတ်တဲ့ ချိုချိုချဉ်ချဉ်လေးက ထမင်းကို မထင်မှတ်ဘဲ မြိန်စေတတ်တာမို့လို့ ကြော်စားနိုင်အောင် မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သား - 150 g
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ခရမ်းချဉ်သီး - ခပ်ကြီးကြီး တစ်လုံး
- မုံလာဥနီ - အနေတော် တစ်ဥ
- ပဲသီး - သုံးတောင့်
- တရုတ်နံနံ - နှစ်ပင်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ပြောင်းကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- ချယ်ရီ ခရမ်းချဉ်သီး - ငါးလုံး
- ခရမ်းချဉ်သီးဆော့ ထမင်းစားဇွန်း နှစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း (ချိုချဉ်ကြော်ရန် )
- ဆီ - လိုသလောက် သုံးပေးပါ ( ကြက်သားကြော်ရန် )
ကြက်သားအရသာနယ်ရန်
- ကြက်သားကို ရေဆေးပြီး ခပ်ပါးပါး အတုံးလေးတွေ လှီးထားပါ
- လှီးထားသော ကြက်သားကို ဇလုံတစ်လုံးထဲမှာ ပြောင်းကော်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ရေအနည်းငယ်နှင့် ခပ်ပြစ်ပြစ် ဖျော်ပြီး နယ်ထားပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာပါက ကြက်သားကို ဇွန်းနှင့်ခပ်ပြီး တစ်တုံးခြင်း အိုးဆန့်သလေညက် ထည့်ပေပြီး ကြော်ပေးပါ
- ကြက်သားတုံးလေးမျာ ရွှေဝါရေင် သန်းလာလျှင် ဆယ်ပြီးဆီစစ်ပေးပါ
ပြင်ဆင်ပုံ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ အတုံးလေးများရအောင် လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ခရမ်းချဉ်သီးကို ရေဆေးကာ လေးစိတ်စိတ်ထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အရှည်လိုက် လှီးထားပါ
- ပဲသီးကို ရေဆေးပြီး အနေတော် လှီးထားပါ
- တရုတ်နံနံကို ရေဆေးပြီး တလက်မစီလောက် လှီးထားပါ
- ချ.်ရီခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးထားပါ
- လိုအပ်သော အသီးအရွက်များ အသားများကို အဆင်သင့်ဖြစ်အောင် ပြင်ထားပေးပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို မိနစ်ဝက်လောက် ကြော်ပေးပါ
- မိနစ်ဝက်ပြည့်တာနဲ့ မုံလာဥနီ နှင့်ပဲသီးတို့ကို ထည့်ပြီး တစ်မိနစ်လောက် ကြော်ပေးပါ
- တစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ကြက်သားကြော် ဆား သကြား ခရမ်းချဉ်သီးဆော့တို့ထည့်ပြီး ကြော်ပေးပါ
- ကြော်ချိန် တစ်မိနစ်လောက် ရပြီဆိုတာနဲ့ခရမ်းချဉ်သီးနှင့် တရုတ်နံနံတို့ ထည့်မွှေပေးပြီး ချိုချိုချဉ်ချဉ် အစိမ်းကြော်လေးကို ထမင်းပူပူလေးနဲ့ လိုက်ဖက်စွာ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment