မှိုတွေအမျိုးမျိုး ရှိတဲ့အထဲက ကြယ်သီးမှိုအညို ချက်နည်းလေး ပြောပြချင်ပါတယ် အရသာက ရိုးရိုးကြယ်သီးမှို အဖြူထက် ပိုချိုပါတယ် ကြော်တဲ့အခါမှာ အချိုမှုန့် ထည့်စရာ မလိုအောင်ကို ချိုပြီး စားတဲ့အခါမှာလဲ ရိုးရိုးကြယ်သီးမှိုလို ပျော့ပေမဲ့ ဒီမှိုအညိုက ခပ်ဆတ်ဆတ်လေး မာမာပါတယ်။
မှိုကြော်ချက်လေးချက်ပြီး အရသာလေးလေးပင်ပင် ရှိလွန်းတာမို့ လွယ်ကူလွန်းတဲ့ ကြော်ချက် ချက်နည်းဤလး မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြယ်သီးမှိုအညို - 250 g
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး၂မွှာ
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း ၂ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
- ဆီကိုအပူပေးပြီး နနွင်းမှုန့်ကိုထည့်ပါ
- ကြက်သွန်နီကို အခွံခွာပြီး ပါးပါးလှီးထည့်ကြော်ပါ
- ကြက်သွန်ဖြူကို ဓါးပြားရိုက်ပြီး ထည့်ကြော်ပါ
- ကြက်သွန်အဖြူ အနီနွမ်းတာနဲ့ ခပ်ပါးပါးလှီးထားသော မှိုကို ထည့်မွှေပါ
- ဆားထည့်မွှေပြီး ၃မိနစ်လောက် ကြော်ပေးပြီးရင် အရသာချိုချိုမွှေးမွှေး မှိုကြော်ချက်လေးရပါပြီ။
မမမာရေ အဲတာကိုကြယ်သီးမှိုလို့ခေါ်တာ ခုမှသိတယ်....အဲလိုလေးကြော်စားကြည့်မယ်နော်.ကျေးဇူးပါမမမာရေ
ReplyDeleteဒီမှာတော့ အဲလိုဘဲခေါ်တယ်နော် ညီမလေးရေ
ReplyDelete