Sunday 11 October 2015

ပဲကြာဇံဟင်းချို


ငပိထောင်းစပ်စပ်လေး



အရည်သောက်တမျိုး အမြဲတမ်း ချက်ရတဲ့ မာမာတို့အိမ်မှာ ဘာချက်ရင်ကောင်းမလဲ စဉ်းစားရတဲ့ အတွေးက နေ့စဉ်ဆိုတော့လဲ ခေါင်းတော်တော်စားပါတယ်။

ဒီနေ့တော့ စိတ်ကူးရရာ ပဲဟင်းအရည်သောက်လေး ချက်လိုက်ပြီး ပဲအရည်ထဲ ဆန်ကြာဇံလေး ရောထားလို့ သောက်လို့အင်မတန်မှ ကောင်းတဲ့အတွက် မာမာပြင်ဆင်တဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကုလားပဲခြမ်း - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
  2. ဆန်ကြာဆန် - လက်တစ်ဆုတ်စာ
  3. ကြက်သွန်နီ - ကြီးကြီး တစ်လုံး
  4. ကြက်သွန်ဖြူ - အမွှာ ကြီးကြီး ၅မွာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆီ - ထမင်းစားဇွန်း ၂ဇွန်းသာသာ
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. ချင်း - လက်တစ်ဆစ်
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • ကုလားပဲခြမ်းကို ရေဆေးပြီး ရေမြုပ်အောင်ထဲ့ကာ ပဲနူးအောင် ပြုပ်ပေးပါ
  • ဆန်ကြာဇံကို ရေမြုပ်အောင်ထဲ့ပြီး စိမ်ထားပါ
  • ချင်းကို အခွံခွာပြီး ညက်အောင်ထောင်းထားပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက်ရေဆေးပြီး တလုံးလုံးကို ၈စိပ်ရအောင် လှီးပါ
  • ကြက်သွန်ဖြူကို မညက်တညက်ထောင်းပြီး တ၀က်ကို ဆီချက်ချက်ရန် ဖယ်ထားပါ
  • ဆီကို နနွင်းမှုန့်ထဲ့ပြီး ကြက်သွန်ဖြူ တ၀က်ကို မွှေးလာတဲ့ထိ ချက်လိုက်ပါ
  • ပြုပ်ထားသောပဲ နူးပါက အအေးခံပြီး ကျေအောင်ချေလိုက်ပါ
  • ပဲအိုးထဲသို့ ဟင်းရည်သောက်ပန်းကန် ၂လုံးစာရေထဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကိုထဲ့ပြီးတည်ပေးပါ
  • ပဲရညိဆူလာပါက. အရသာမှုန့် ဆီချက်နှင့်ဆားကိုထဲ့ပြီး ကြက်သွန်များ နူးအောင်တည်ပေးပါ
  • ကြက်သွန်များနူးလာပါက ဆန်ကြာဇံကို ရေစစ်ပြီး ဟင်းရည်အိုးထဲ ထည့်ပေးပါ
  • ကြာဆန်ထဲ့ပြီး ၂မိနစ်လောက် ဟင်းရည်ဆူပြီးပါက အရသာမြည်းပြီး မီးပိတ်ကာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment