ရံဖန်ရံခါမှ စားတတ်ပေမဲ့ ၀က်နံရိုးဟင်းက ချက်တတ်ရင် အရမ်းစားလို့ကောင်းတာမို့လို့ ထမင်းမြိန်မြိန် စားလို့ရအောင် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ၀က်နံရိုး - 500 g
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ချင်း - လက်တစ်ဆစ်ခန့်
- ကြက်သွန်ီ - အနေတော် တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- စပါးလင် - တစ်လက်မခန့်
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း မောက်မောက်တစ်ဇွန်း
- ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တ၀က်
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဆီ - ထမင်းစားဇွန်း ငါးဇွန်း
ပြင်ဆင်ပုံ
- ၀က်နံရိုးကို ရေစင်အောင်ဆေးပြီး တစ်လက်မလောက် အတုံးလေးများ တုံးပေးထားပါ
- ၀က်နံရိုးများကို ဇလုံတစ်လုံးထဲထည့်ပြီး နနွင်းမှုန့် ဆား ငံပြာရည် အချိုမှုန့်တို့နဲ့ နယ်ပြီး အရသာဝင်အောင် ၁၀မိနစ်လောက် နှပ်ထားပါ
- ချင်း စပါးလင် ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို ငရုတ်သီးမှုန့်နှင့် ရောပြီး ထောင်းထားပါ
- အားလုံးအဆင်သင့် ဖြစ်ပြီဆို ဇောက်နက်သော အိုးကိုအပူပေးပြီး ဆီထည့်ပါ
- ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
- ဆီသတ်နံ့မွှေးလာတာနဲ့ ၀က်နံရိုးကို ထည့်ပြီးဆီသတ်ပါ
- ၀က်နံရိုး အသားများ မာလာမှ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
- ပထမ တစ်ရည်ခမ်းပြီး နောက်တစ်ရည် ထပ်ထည့်ပြီး တည်ပေးပါ
- ရေခမ်းပြီး ဆီပြန်တာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ စားသုံးနိုင်ပါပြီ။
Ma Ma Mar,
ReplyDeletecan we cook like that for mutton?
With love, Thuza
ဝက်နံရိုးချက်ထားတာလေးက စားချင်စရာကောင်းလိုက်တာ .... ^___^
ReplyDelete