Monday 19 October 2015

ပန်းဂေါ်ဖီ ချဉ်ရည်ဟင်း



ဒီနေ့တော့ အသားမလိုဘဲ ပုဇွန်ငါးပိနဲ့ ချက်ထားတဲ့ ပန်းဂေါ်ဖီ ချဉ်ရည်လေး စားကောင်းလွန်းလို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အခက်ချွေထားသော ပန်းဂေါ်ဖီ - တစ်ပွင့်
  2. အနေတော်လှီးထားသော မုန့်ညှင်းစိမ်း - တစ်ပင်
  3. ထက်ဝက်ပိုင်း လှီးထားသော ရုံးပတေသီး - ၅တောင့်
  4. ရှမ်းနံနံ - ဆယ်ရွက်ခန့်
  5. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငံပြာရည် - ထမင်းစားဇွန်း၂ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - အနည်းငယ်
  9. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ပုဇွန်ငါးပိ - ထမင်းစားဇွန်း တစ်ဝက်
  12. မကျည်းသီး အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ညက်နေအောင် ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  14. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး၂မွှာ
  15. ညက်နေအောင် ထောင်းထားသောချင်း - လက်တစ်ဆစ်

ပြင်ဆင်ပုံ
  • ပန်းဂေါ်ဖီနှင့်အရွက်များ ဆီ နနွင်းမှုန့် ငံပြာရည် ဟင်းချိုမှုန့် ငရုတ်သီးမှုန့် ကြက်သွန်ဖြူ နီ ချင်းတို့နှင့် အားလုံးကိုရောပြီး ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရောနယ်ပြီး ရေအနည်းငယ်ထဲ့ပြီး ဟင်းကိုလုံးမိအောင်တည်ပေးပါ
  • ရေဆူလာပြီး အသီးအရွက်များ နူးလာပါက ရေကို ဟင်းရေသောက်ပန်းကန်လုံး၂လုံးစာလောက် ထဲ့ပြီးတည်ပေးပါ
  • ရေဆူလာပါက. ပုဇွန်ငပိကို အရည်ဖျော်ကာ မကျီးမှည့်အနှစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် အတူထဲ့ပြီး ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • ၅မိနစ်ရေလာက်ဆူပြီးပါက အပေါ့အငံမြည်းပြီး  ပန်းဂေါ်ဖီချဉ်ရည်ဟင်းကို ရုံးပတေသီးနှင့် ရှမ်းနံနံအုပ်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
  • ပန်းဂေါ်ဖီ ချဉ်ရည်ဟင်းလေးကို မြိန်ယှက်စွာနဲ့ သုံးဆောင်နိုင်ပါပြီ။

1 comment:

  1. Ma Ma Mar,

    Thank you. PLease continue posting the recipes as it is so appreciable.

    ReplyDelete