Sunday 18 October 2015

ကြက်သားပြုပ်ကြော် မွှေးမွှေးလေး


ဒီနေ့တော့ ချက်ရတာ အရမ်းလွယ်သလောက် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းသလို ရိုးရှင်းပေမဲ့ စားလို့ကောင်းလွန်းတဲ့ ကြက်သားပြုပ်ကြော် ကြော်နည်လေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ 
  • ကြက်ပေါင်းရင်းသား - 1 kg
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ချင်း - ခပ်ပါးပါး လေးပြား
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆီ - ထမင်းစားဇွန်း ငါးဇွန်း
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ရေစစ်ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
  • ဇောက်အနည်းငယ် နက်သော အိုးတစ်လုံးထဲမှာ ကြက်သား ဆား နနွင်း ချင်း အရသာမှုန့်တို့နယ်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  • ပြုပ်ထားသော ပထမတစ်ရည် ခမ်းကာနီးမှာ ကြက်သားနူးမနူး စမ်းကြည့်ပေးပါ
  • ကြက်သားမနူးသေးပါက ရေမြုပ်အောင် ထပ်ထည့်ပြီး တည်ပေးပါ
  • ရေခမ်းကာနီးပါက မီးအပူရှိန်ကို အနည်းငယ် လျှော့လိုက်ပြီး ရေခမ်းပြီး ကြက်သားကို အိုးနဲနဲကပ်အောင် ထားပေးပါ
  • အိုးအောက်ခြေ ကပ်လာပြီ ဆိုတော့မှ ဆီကိုထည့်ပြီး ဆီကျွတ်ကျွတ် မြည်လာအောင် တည်ပေးပါ 
    •  
  • ပြီးတာနဲ့ အထက်အောက် သမအောင် မွှေပေးပြီး မီးပိတ်ပေးပါ
  • မီးပိတ်ပြီးတာနဲ့ လက်ကျန်မီးအပူရှိန်နှင့် ထားပေးပြီး ဆီနံ့မွှေးလာလျှင် ကြက်သားပြုပ်ကြော် မွှေးမွှေးလေး ရပါပြီ။

No comments:

Post a Comment