ဒီနေ့တော့ အိမ်မှာရှိတဲ့ အသီးအရွက်လေးနဲ့အစိမ်းကြော်လေး ကြော်ပါတယ် ကြော်လိုက်တော့လဲ ထမင်းမြိန်စေတဲ့ ဟင်းတစ်မယ်တော့ ရလာတာပါဘဲ ဒါကြောင့်မို့လို့မာမာကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ခပ်ကြမ်းကြမ်း လှီးထားသော ဂေါ်ဖီ -နှစ်ရွက်
- အတုံးလေးများရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
- ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ခပ်ရှည်ရှည်လေးတွေ လှီးထားသော မုံလာဥနီ - အနေတော် တစ်ဥ
- အနေတော် လှီးထားသော ပန်းဂေါ်ဖီ - လေးခက်
- အနေတော် လှီးထားသော ပဲတောင့်ရှည် - ငါးတောင့်
- အနေတော် လှီးထားသော ဘရိုကိုလီ - သုံးခက်
- တစ်လက်မစီလောက် လှီးထားသော ကြက်သွန်မိတ် - နှစ်ပင်
- တစ်လက်မစီလောက် လှီးထားသော တရုတ်နံနံ - နှစ်ခက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ
- လိုအပ်သော အသီးအရွက်များ အသားများကို အဆင်သင့်ဖြစ်အောင် ပြင်ထားပေးပါ
- ဆီကို အပူပေးပြီး ဆီပူလာတာနဲ့ကြက်သွန်နီ ကြက်သွန်ဖြူကို ထည့်ကြော်လိုက်ပါ
- ကြက်သွန်နီနဲ့ကြက်သွန်ဖြူကို အရင်ထည့်ပြီး မိနစ်ဝက်လောက် ကြော်ပေးပါ
- မိနစ်ဝက်ပြည့်တာနဲ့မုံလာဥနီ ပန်းဂေါ်ဖီ မုန်ညှင်း ပဲသီးတို့ကို ထည့်ပြီး တစ်မိနစ်လောက် ကြော်ပေးပါ
- တမိနစ်လောက် ကြော်ပြီးတာနဲ့ ဆား သကြား တို့ထည့်ပြီး ကြော်ပေးပါ
- ကြော်ချိန် တစ်မိနစ်လောက် ရပြီဆိုတာနဲ့ တရုတ်နံနံနှင့် ကြက်သွန်မိတ်တို့ ထည့်မွှေပေးပြီး ပူပူလူလူလေး စားနိုင်ပါပြီ
Thank you Ma Ma Mar
ReplyDelete