ငနုသန်းငါးလေးတွေရတော့ မြန်မာပြည် အလွမ်းပြေ အချဉ်ဆီပြန်လေး ချက်မိသွားခဲ့တယ် ငါးနုသန်းဆိုတဲ့အတိုင်း ငါးအသားက အရမ်းနုလေတော့ ချက်ရတာ သတိထားပြီး ချက်ရတာမို့ မာမာချက်တဲ့နည်းလေး ဝေငှလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငါးမြွေထိုး - 400 gm
- ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ညက်နေအောင် ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ညက်နေအောင် ထောင်းထားသော ချင်း - လက်တစ်ဆစ်
- မကျည်းမှည့်အနှစ် လက်ဖက်ရည်ဇွန်း - တစ်ဇွန်းသာသာ
- ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
- ဆီ ထမင်းစားဇွန်း - လေးဇွန်းသာသာ
- နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နံနံပင် - နှစ်သက်သလောက်
ငါးအရသာနယ်ရန်
- ငါးကိုအရင်ဆုံး ဆူးတောင်ခုတ် ဗိုက်ခွဲပြီး မလိုတာတွေထုတ်ကာ ရေစင်အောင်ဆေးပေးပါ
- ဇလုံကျယ်ကျယ်ထဲမှငါးကိုထဲ့ပေးပါ
- ငါးထဲကို ဆား လက်ဖက်ရည်ဇွန်း တ၀က်နှင့်ငါးငံပြာရည် ထမင်းစားဇွန်း တဇွန်းသာသာထဲ့ပေးပါ
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထဲ့ပေးပါ
- ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာထဲ့ပေးပါ
- အားလုံးထဲ့ပြီးပါက ငါးကိုအရသာဝင်စေရန် နယ်ပေးပါ
ဟင်းချက်ရန်
- ဆီကိုအရင်ဆုံးအပူပေးပါ
- ဆီပူလာမှ နနွင်းမှုန့်ကိုအရင်ဆုံးထဲ့ပြီးတာနဲ့ထောင်းထားသော ဟင်းချက်အမွှေးအကြိုင်များ ထဲ့မွှေပါ
- တမိနစ်လောက်မွှေပြီးတာနဲ့ငရုတ်သီးအရောင်တင်မှုန့်ကိုထဲ့ပြီး ၂မိနစ်လောက်မွှေပေးပါ
- ငရုတ်သီးဆီသတ်နံ့မွှေးလာပြီဆိုတာနဲ့ ငါးအရသာနယ်ကို ထဲ့ပြီးမွှေပေးပါ
- ငံပြာရည် ထမင်းစားဇွန်းတဇွန်း ထဲ့ပြီးအိုးကိုအရသာညီအောင် လှုပ်ပေးပါ
- ငါးအသားများ မာပြီးတင်းသွားမှ ရေမြုပ်အောင်ထဲ့ပြီး အဖုံးအုပ်တည်ပေးပါ
- ရေဆူလာပါက မကျည်းမှည့်အနှစ်ထဲ့မွှေပြီး အဖုံးအုပ်ပြီးပြန်ချက်ပါ
- ဆီပြန်မဖြစ်ခင် အရည်လေးနည်းနည်း ကျန်နေချိန်မှာ နံနံပင်အုပ်ပြီး အရသာမြည်းကာ မီးပိတ်ပေးပါ
- ငါးနေုသန်း အချဉ်ဆီပြန် ဟင်းလေးတစ်ခွက် ရပါပြီ။
No comments:
Post a Comment