ဒီနေ့တော့ ကြာဇံဆီချက်လေး လုပ်စားဖြစ်လို့ အိမ်မှာလုပ်စားတဲ့နည်းလေး မျှေ၀လိုက်ပါတယ် အိမ်လုပ်ဆိုပေမဲ့ နံမည်ကြီး ဆိုင်တွေထက်တောင် အရသာက ပိုလို့တောင် ကောင်းနေပါသေးတယ်။
အပြင်စာထက် အိမ်မှာလုပ်စားရတဲ့ အရသာကို ပိုပြီးနှစ်သက်တဲ့ မာမာတို့အတွက်တော့ နတျသုဒ်ဒါဆိုရငျလဲ မမွားပါဘူး။
ပါဝင်ပစ္စည်းများ
- ၀ကျသားကွိတျပွီးသား - 350 g
- ဆန်ကြာဇံ - 150 g
- ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
- နှမ်းဖြူ - ထမင်းစားဇွန် သုံးဇွန်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၅မွှာ
- ကင်းမွန်ငံပြာရည် - လဖက်ရည် အကြမ်းပန်းကန် တစ်လုံး
- မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ္ဗူး
- ကြက်သွန်မိတ် - အနည်းငယ်
- ဆား - လက်ဖက်ရည်ဇွန်း တ၀က်
- ကြက်သားမှုန့် - လိုသလောက်
၀ကျသားအရသာနယျရနျ
- ၀ကျသားကို ဆားလက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်တို့နှင့် ရောပြီးနယ်ထားပေးပါ
ကြက်သွန်ဖြနှင့် နှမ်းကြော်ရန်
- ကြက်သွန်ဖြူ အမွှာကြီးကြီး ၁၅မွှာလောက်ကို မညက်တညက်ထောင်းထားပါ
- ဒယ်အိုးထဲမှာ ဆီကိုထည့်ပြီး ဆီပူလာတာနဲ့ ကြက်သွန်ဖြူထောင်းကို ထည့်ကြော်ပါ
- ကြော်နေစဉ် အဆက်မပြတ်မွှေပေးပြီး ရွှေဝါရောင်သန်းလာတာနဲ့ ကြက်သွန်ကြော်များကို ဆယ်ပြီးအအေးခံထားပါ
- ကြက်သွန်ကြော်ထားသော ဆီပူပူထဲကိုနှမ်းများထည့်ပြီး ကြော်ပေးပါ
- နှမ်းစေ့ထည့်ပြီး မိနစ်၀က်လောက်နေတာနဲ့ မီးပိတ်ပြီး လက်ကျန်ဆီအပူရှိန်နဲ့ နှမ်းကို မွှေးလာတဲ့ထိကြော်ပြီး အေအးခံထားပါ
ပြင်ဆင်ပုံလေးပြောပါမယ်
- ၀ကျသားကွိတျသားကို ကြက်သားမှူန့် ဆားနှင့်နယ်ကာ ကွမ်းသီးဆံ အလုံးလောက်လေးတွေ လုံးထားပါ
- ရေ 4 cupsကို ဆူအောင်တည်ပြီး ရေပွက်ပွက်ဆူလာတာနဲ့ ၀ကျသားလုံးမြားကို ထည့်ပြုပ်ပေးပါ
- ၄မိနစ်လောက်ပြုပ်ပေးပြီး ဆယ္ကာ ရေစစ်ထားပါ
- ၀ကျသားလုံး က်က္သြားပါက ခပ်သေးသေးလေးတွေ လွီးထားပါ
- ဆန်ကြာဇံကို ရေနာရီ၀က်လောက်စိမ်ထားပြီး ရေစစ်ကာ ရေစစ်ထားသော ကြာဇံများကို ဇလုံတလုံးထဲထည့်ပြီး ရေနွေးဆူဆူလောင်းထည့်ပါ
- ရေနွေးစိမ်ထားချိန် ၂မိနစ်နေရင် ရေနွေးစိမ်ထားသော ကြကာဇံကို ဇကာထဲသြန္ခ်ျပီး ရေနှေစ်ထပ်လောက်ဆေးပြီး ရေစစ်ထားပါ
- မြေပဲကိုလှော်ပြီး အခြံခြ်တ္ကာ မညက်တညက် ထောင်းထားပါ
- ကြက်သွန်ဖြူကြော် နှမ်း ကြော်ပြီးသားကို ပြင်ထားပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေးလှီးထားပါ
- ငံပြာရည်နှင့် အရသာမှုန့်ကို အဆင်သင့်ပြင်ထားပါ
တပွဲစာပြင်ပါမယ်
- ပြုပ်ထားသော ကြာဇံကို တပွဲစာယူပြီး ဇကာထဲထည့်ကာ ရေနွေးထဲ ခနလေးစိမ်ပြီး ပြန်ဆည်ကာ ရေစစ်ပြီး ပန်းကန်ထဲထည့်ပေးပါ
- အနေတော် လှီးထားသော ၀ကျသားလုံး နှစ်သက်သလောက် အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က် မြေပဲမှုန့် ထမင်းစားဇွန်း တဇွန်း နှမ်းဆီချက် ထမ်းစားဇွန်း ၂ဇွန်းခွဲ ငံပြာရည် လက်ဖက်ရည်ဇွန်း တ၀က္သာသာ ကြက်သွန်ဖြူဆီချက် အဖတ် လက်ဖက်ရည်ဇွန်း တဇွန်းနှင့် ကြက်သွန်မိတ်တို့ထည့်ကာ ကြက်ရိုးဟင်းခါး ကြက်သွန်ချဉ်လေးတို့ နှင့်တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။