Saturday 30 April 2016

ပုဇွန်ခြောက်ထောင်း ငါးပိရည်ဖျော်


ငါးပိရည်လို့ ဆိုလိုက်ရင် တချို့က နှာခေါင်းရှုံ့ကြပြီး တချို့ကတော့ ကြိုက်ကြပါတယ် မာမာကတော့ ငါးပိရည်သာပါရင် အသားဟင်း မလိုအောင်ကို ကြိုက်သူတယောက်ပါ။

ဒါကြောင့်မို့လို့ ဒီနေ့တော့ ငါးပိကြိုက်ကြသူ ဘယ်သူမဆို  အားလုံးကျိုတတ်တဲ့ ငါးပိရည်ကျိုပြီး ဖျော်စရာ ပြင်ဆင်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းရည်သောက် ပန်းကန်အသေး တစ်လုံး
  2. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  3. ပုဇွန်ခြောက် - အကောင် ၂၀ခန့်
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. ငရုတ်သီးစိမ်းကို အတောင့်လိုက် ရေဆေးကာ အညှာများဖြုတ်ပြီး လှော်ထားပါ။
  2. ပုဇွန်ခြောက်ကို ညက်နေအောင် ထောင်းထားပါ။
  3. ပုဇွန်ခြောက်များ ညက်ပါက ငရုတ်သီးအလှော်တောင့်များကို ထည့်ထောင်းပါ။
  4. ထောင်းပြီးသားများနှင့်အတူ အချိုမှုန့်တို့ရောပြီး ငါးပိရည်ပန်းကန်ထဲ ထည့်ကာ ဖျော်ပေးပါ။
  5. နှစ်သက်ရာ တို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ငါးပိရည်ဖျော်လေး ရပါပြီ။

No comments:

Post a Comment