Saturday 30 April 2016

ငါးပြုပ် ငါးပိရည်ဖျော် စပ်စပ်လေး


ဒီတခါတော့ မည်သည့်ငါးနဲ့မဆို ဖျော်စရာကောင်းကောင်း လုပ်နိုင်မည့် ငါးပိရည်ဖျော်နည်းလေး မျှဝေလိုက်ပါတယ် ဒီနေ့တော့ ဘာဆာငါးကို ပြုပ်ပြီး ငါးပိရည်ဖျော် ပြင်ဆင်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အသေး တစ်လုံး
  2. ငရုတ်သီးအလှော်မှုန့်  - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  3. ဘာဆာငါး - ခပ်သေးသေး တစ်ပြား
  4. ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်


ပြင်ဆင်ပုံ
  1. ငါးကို ရေဆေးပြီး နနွင်းမှုန့်နှင့် ဆားထည့်၍ရေမြုပ်အောင်ထည့်ကာ ရေခမ်းအောင် တည်ထားပါ
  2. ငါးပိကို အရည်ကျိုပြီး အရိုးငင်ကာ ပန်းကန်တခုထဲ ထည့်ထားပါ
  3. ပြုပ်ထားသောငါးကို အသားများ ကျေအောင် ချေပြီး ငါးပိရည်ပန်းကန်ထဲ ထည့်ပေးပါ
  4. ငါးနှင့်အတူ ငရုတ်သီးအလှော်မှုန့် အချိုမှုန့်တို့ရောပြီး ငါးပိရည်ပန်းကန်ထဲထည့်ကာ ဖျော်ပေးပါ
  5. နှစ်သက်ရာတို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ငါးပြုပ် ငါးပိရည်ဖျော်လေး ရပါပြီ။

No comments:

Post a Comment