Sunday, 24 April 2016

အုန်းဆီဆမ်း သာဂူပြင်မွှေးမွှေးလေး




သာဂူကျိုချိန် အချိန်မကြာပေမဲ့ အိုးတွေခွက်တွေ ဆေးရတာတော့ အလုပ်ရှုပ်လွန်းတဲ့ မုန့်တမျိုးပါ သာဂူကျိုနည်းကတော့ တင်ပြီးသားမို့ ထပ်မရေးတော့ပါဘူးရှင် အုန်းဆီချက်နည်းလေးဘဲ မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သာဂူပြင် - မုန့်ပွဲပြင်ရန် တပွဲစာ
  • အုန်းနို့ - 50ml
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
အုန်းဆီချက်ရန်
  1. အုန်းနို့နှင့် ဆီ ဆားတို့ကို အိုးတလုံးထဲထည့်ပြီး မီးအနေတော်နှင့် ချက်ပေးပါ
  2. ချက်နေစဉ် အုန်းဆီများ လျှံကျတတ်သောကြောင့် မကြာမကြာမွှေပေးပါ
  3. အုန်းနို့များ ခမ်းလာပြီး ဆီထဲတွင် အုန်းနို့များ ဥလာပြီဆိုရင် မီးဖိုပေါ်က ချပေးပါ
ပြင်ဆင်ပုံ
  1. သာဂူပြင်ကို အနေတော် အတုံးလေးတွေ တုံးထားပါ
  2. လှီးထားသောဂူပြင်ကို ပန်းကန်ပြားတချပ်မှာ ပြင်ပေးထားပါ
  3. အဆင်သင့် ပြင်ထားသော သာဂူပြင်ပေါ်သို့  ချက်ထားသော အုန်းဆီကို ဆမ်းပေးကာ စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းတဲ့ သာဂူပြင်အုန်းဆီဆမ်းလေး ရပါပြီ။

No comments:

Post a Comment