Tuesday 5 April 2016

ပုဇွန်ကင်


တနေ့တာအတွက် ဘာဟင်းချက်ရမလဲ စဉ်းစားမိလေတိုင်း ကိုယ်စားချင်တာက ချဉ်ငံစပ် ချက်ဖြစ်တာက ဟင်းအချိုတွေ များပါတယ် ဒါပေမဲ့ ဒီနေ့တော့ ထမင်းပူပူလေးနဲ့ စားရအောင် ပုဇွန်ကို ခရမ်းချဉ်သီးဆော့နဲ့ အရသာနယ်ကာ မွှေးမွှေးလေး ကင်လိုက်ပါတယ် ပြင်ဆင်နည်းနဲ့ ကင်နည်းလေးက အရမ်းလွယ်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် - ၁၅ကောင်
  2. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ခရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ပုဇွန်သီတံ - ၃ချောင်း
  6. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ပုဇွန်ကို အခွံခွာပြီး အမြှီး ခေါင်း ကြောဖက်မှ အမဲကြောင်းကို ထုတ်ပေးပါ
  • အားလုံးသန့်စင်ပြီးပါက ရေနှင့်ထပ်ပြီး ဆေးပေးပါ
  • ရေဆေးထားသော ပုဇွန်ကို ဆား အရသာမှုန့် ခရမ်းချဉ်သီးဆော့တို့နှင့်ရောနယ်ပြီး ရေခဲသေတ္တာထဲမှာ နာရီဝက်လောက် နှပ်ထားပါ
  • သီတံကို ရေတနာရီလောက် စိမ်ထားပါ
  • ပုဇွန်အရသာ ၀င်လောက်ပြီဆိုတာနဲ့ သီတံတခုမှာ ပုဇွန်၅ကောင်စီ သီပေးပါ
  • ပြီးတာနဲ့ ကင်မည့်အိုးကို အပူပေးပါ
  • အိုးပူလာတာနဲ့ အိုးကို ဆီသုတ်ပေးပါ
  • ဆီအငွေ့ တက်လာတာနဲ့ ပုဇွန်ကို ထည့်ကင်ပေးပါ
  • ပုဇွန်အကွေး ငါးအနွေးဆိုသလိုပါဘဲ တဖက်ကို တမိနစ်ခွဲစီလောက်ဘဲ ကင်ပေးပါ
  • နှစ်ဖက်လုံး ကင်ပြီးတာနဲ့ နှစ်သက်သလို စားသုံးနိုင်မည့် ခရမ်းချဉ်သီးဆော့ ပုဇွန်ကင်မွှေးမွှေးလေး ရပါပြီ
အကင်အိုး မရှိက အောက်ခြေမကပ်သော ဒယ်အိုးနှင့် ကင်နိုင်သလို မီးသွေးမီးဖိုပေါ်တို့မှာ ကင်ပေးနိုင်ပါတယ်။

No comments:

Post a Comment