Tuesday 5 April 2016

ပြည်ကြီးငါး ငရုတ်ကောင်းကြော်



နေ့လည်နေ့ခင်း အစာပြေ စားရအောင် ကြော်ဖြစ်သွားတဲ့ ပြည်ကြီးငါးကြော် မွှေးမွှေးလေးပါ မွမွမွှေးမွှေးလေးနဲ့ စားကောင်းလွန်းလို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပြည်ကြီးငါး အကောင်ကြီးကြီး - နှစ်ကောင်
  2. တန်ပူရာမှုန့် - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံး
  3. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးသာသာ

ပြင်ဆင်ပုံ
  • ပြည်ကြီးငါးကို ရေစင်အောင်ဆေးပြီး အ၀တ်စသန့်သန့် သို့မဟုတ် paper towel နှင့်သုတ်ကာ အခြောက်ခံပေးပါ
  • ရေခြောက်ပါက အနေတော် အတုံးလိုက်လှီးပေးပါ
  • ဆား အရသာမှုန့် ငရုတ်ကောင်းမှုန့်တို့နှင့် လူးပေးပါ
  • တန်ပူရာမှုန့်ကို ပန်းကန်ပြားထဲ ထည့်ပြီး ပြည်ကြီးငါးကို တတုံးခြင်းကပ်အောင် လှိမ့်ပေးပါ
  • အားလုံးကို အမှုန့်နှင့် ကပ်လှိမ့်ပြီးပါက. ပိုနေသော တန်ပူရာမှုန့်ကို ရေနှင့် ခပ်ပြစ်ပြစ်ဖျော်ပေးပါ
  • ဖျော်ထားသော မုန့်နှစ်ထဲမှာ ပြည်ကြီးငါးအတုံးလေးများ တတုံးခြင်း လူးပေးပါ
  • ပြီးတာနဲ့ ဆီကိုပူအောင်တည်ပေးပါ
  • ဆီပူလာပါက မီးကိုအနေတော်လျှော့ပြီးမှ ပြည်ကြီးငါး အတုံးလေးတွေကို တခုခြင်းထည့်ကြော်ပါ
  • ပြည်ကြီးငါး အတုံးလေးများ ရွှေဝါရောင်သန်းတာနဲ့ ချက်ခြင်းဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်တာနဲ့. ပြည်ကြီးငါးကြော် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment